ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြ
ဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်
ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှ
ကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်
ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်
တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သော
မမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ
ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု
မိတ်ဆက်ပေးခဲ့သည်။
ထိုမိတ်ဆက် ပေးချက်အရ တယ်လီဖုန်း ငွေဖြည့်ကတ်များကို စမ်းသပ်ဝယ်ယူရာ ငွေ
၅,၀၀၀တန် ငွေဖြည့်ကတ်ကို ကျပ်၃,၉၀၀ဖြင့် လည်းကောင်း၊ ကျပ်တစ်သောင်းတန်
ငွေဖြည့်ကတ်ကို ကျပ်၉,၀၀၀ဖြင့်လည်းကောင်း ၀ယ်ယူရရှိခဲ့သည်။
မမိုးစန္ဒာမှတစ်ဆင့် သူ၏ အလုပ်ရှင်ကို ပြောပြခဲ့ရာ အလုပ်ရှင်ကလည်း
စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံမှ တယ်လီဖုန်း ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။
ထို့ပြင် အလုပ်ရှင်၏ ဆွေမျိုး ဆရာဝန် တစ်ဦးကလည်း အဆိုပါ ဆရာမထံမှ
ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ သို့သော် ရှေ့ပိုင်းတွင် ငွေပေးလိုက်က
တယ်လီဖုန်းကတ်များ ချက်ချင်းရသော်လည်း နောက်ပိုင်း တစ်ပတ်လျှင် ကျပ်သိန်း
၁၀၀ ဖိုးခန့်အထိ ၀ယ်သောအခါ ငွေကို အရင်ပေးပြီး နှစ်ရက်ခန့်နေမှ
ကတ်များရခဲ့သည်။
သို့သော် ရောင်းသူများ အတွက် ငွေကြေး အမြတ်အစွန်းများသဖြင့် ဆက်လက်
ဝယ်ယူခဲ့သည်။ အဆိုပါ ဆရာမက သူ၏မောင်ဖြစ်သူ တပ်မတော် အရာရှိတစ်ဦးက
ကူညီသဖြင့် တယ်လီဖုန်းကတ်များကို ဆက်သွယ်ရေးမှ ၀ယ်ယူခွင့်ရနေကြောင်း
ယုံကြည်လောက်အောင် ပြောထားခဲ့သည်။
သို့သော် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ပုံမှန်ဖောက်သည်ဖြစ်သော မမိုးစန္ဒာက
ကျပ်သိန်း ၁၉၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ယူရန် ငွေများပေးထားသော်လည်း
လကုန်သည်အထိ မရခဲ့ပေ။ အလားတူ မမိုးစန္ဒာ၏ အလုပ်ရှင်ကလည်း ကျပ်သိန်း
၁၉၀၀ဖိုး၊ ဆရာဝန် တစ်ဦးကလည်း ကျပ်သိန်း ၅၀၀၀ဖိုး ငွေပေးထားသော်လည်း ယခုအထိ
မရကြောင်း သိရသည်။ မမိုးစန္ဒာတို့ သုံးဦးအပြင် အခြားသူများကလည်း အဆိုပါ
ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူရန် ကြိုတင်ငွေများ ပေးထားကြရာ စုစုပေါင်း
ကျပ်သိန်းပေါင်း တစ်သောင်းခန့် ရှိကြောင်းလည်း သိရသည်။
ငွေများ လက်ခံရယူထားသော ဆရာမ ဒေါ်မြစုလှိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်
ငွေပေးထားသူ မမိုးစန္ဒာအား ငွေလက်ခံရရှိကြောင်းနှင့် အောက်တိုဘာလ ၃ ရက်
နောက်ဆုံးထားပြီး တယ်လီဖုန်း ငွေဖြည့်ကတ်များ ပေးပါမည်ဟု
စာချုပ်ချုပ်ဆိုပေးခဲ့သည်။ သို့သော် လက်မှတ်ထိုးပေးသည့် နောက်ပိုင်း
ကျောင်းလည်း မတက်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကျောက်စိမ်းလမ်း
နေအိမ်တွင်လည်း မရှိဘဲ ပျောက်ဆုံးလျက် ရှိသည်။ ဆရာမ၏ မောင်ဖြစ်သူကို
Tomorrow ဂျာနယ်က ဆက်လက်စုံစမ်းရာ အဆိုပါ သူ၏ အစ်မဖြစ်သော်လည်း သူနှင့် ယခု
ကိစ္စသည် လုံးဝမပတ်သက်ကြောင်း၊ အစ်မဖြစ်သူ၏ စီးပွားရေးသာဖြစ်ပြီး မိမိကလည်း
တယ်လီဖုန်း ငွေဖြည့်ကတ်ရရန် ကူညီပေးခဲ့ခြင်းမျိုး မရှိကြောင်း
ဖြေကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် တယ်လီဖုန်း ငွေဖြည့်ကတ်များကို
မည်သည့်ပုံစံဖြင့် ရောင်းချသည်ကို အများပြည်သူသိရန် ထုတ်ပြန်
ကြေညာခြင်းမျိုး မရှိသည့်အတွက် ယခုကဲ့သို့ မသိနားမလည်သူများကို လိမ်ညာသည့်
လူတန်းစား တစ်ရပ် ပေါ်ပေါက်လာနေကြောင်း၊ ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက
ငွေဖြည့်ကတ်အတွက် ပေးသော ကော်မရှင်ကို ပိုပေးသည့်အတွက် လူအတော်များများက
စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံ ငွေများ ပုံပေးလိုက်ရာမှ အလိမ်ခံရခြင်း
ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
အလိမ်ခံရသော မမိုးစန္ဒာက သူ၏ ရွာမှ တယ်လီဖုန်းကတ် ရောင်းသော ဆွေမျိုးများ၊
အလုပ်အတွင်းမှ ၀န်ထမ်း သူငယ်ချင်းများ၊ ဆရာတော်များ၏ ဘုန်းတော်ကြီးကျောင်း
ဆောက်ရန် ငွေများပါ စုပုံပေး လိုက်ရာမှ အလိမ်ခံလိုက်ရခြင်း ဖြစ်ကြောင်း
Tomorrowသို့ ပြောပြသည်။
Search This Blog
Followers
အသိပေးချက်များ
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..
Thursday, 30 October 2014
MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်
Subscribe to:
Post Comments (Atom)
အောက်မှာဆက်ကြည့်မယ်
-
▼
2014
(83)
-
▼
October
(63)
- တောင်ကြီးတွင် ဟိုတယ်ခန်း ဈေးနှုန်း နှစ်ဆကျော်မြင့်
- မြန်မာနှစ်ယောက်ကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီ...
- ရှေးဟောင်းအမွေအနှစ်များပျက်စီးမည်ဆိုပါက မြောက်ဦြး...
- အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရ...
- မျိုးစောင့်ဥပဒေ ပြဌာန်းရေး ဆန္ဒပြပွဲ - မကွေး (ရုပ်/သံ)
- ဂရန်၊ မှတ်ပုံတင်၊ လိပ်စာအတုဖြင့် မြေကွက်လွတ်တခုကို...
- ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင...
- ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်မျ...
- အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅...
- ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံ...
- စစ်တွေမှာ မရမာကြီးတိုင်းရင်းသားအိမ်ရာစီမံကိန်း ကုလ...
- Burkina Faso သမ္မတ နှုတ်ထွက်
- တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ
- ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ (ရုပ်...
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် 90:00 Minutes Sports Vol ...
- နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Euro Sports Vol 5 No 31
- လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူငယ်တစ်ဦး အထက်ပန...
- MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ
- ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း
- ဦးအောင်သောင်း အပေါ် အမေရိကန်က ပြစ်ဒဏ်ချ
- "အိမ်ရှင်ကိုနှင်၍ အိမ်လုသော မျောက်မည်း"
- “အမျိုးသားရေး လူထုတောင်းဆိုပွဲ”
- "ဗမာမိန်းကလေးအား လက်ထပ်ပြီးမှ ပစ်ထားခဲ့သူ ကုလားသူ...
- ပန်းတိုင်သို့ သွားနေသူများ
- “မန်း မဘသ ကြေညာချက်”
- အာဏာရရေးတောင်းဆိုနေကြသည်မဟုတ်ပါ
- သေဒဏ်ပေးသင့်သည့် မုဒိန်းကောင် မွတ်ဆလင်ကုလား
- "သတိထားဖွယ် မွတ်ဆလင်ကုလား တက္ကစီသမားများ"
- မျိုးစောင့်ဥပဒေပြဌာန်းရေှးဆန္ဒပြပွဲ (ရုပ်/သံ)
- ကိုးလ်ဂိတ်က လေဆာသွားတိုက်ဆေး အမှတ်တံဆိပ်ကို ဝယ်ယူ
- နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၀၂၀ အထိ အ...
- ထိုင်ဝမ်လူမျိုးအမျိုးသားတစ်ဦးမှ ၎င်း၏ချစ်သူအမျိုးသမီ...
- ရန်ကုန်အတွက် တယ်လီနောဆင်းမ်ကတ် တစ်သန်းချထားပေးပြီး...
- တရုတ် အနောက်မြောက်ပိုင်းတွင် စာမေးပွဲ ခိုးချသည့်ေ...
- အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်၍ ကျောက်ခဲနှင့်ထု၍...
- အပ်ထားတဲ့ချုပ်ထည်လာရွေးတဲ့အသက်(၁၂) နှစ်အရွယ်ရှိမိန...
- တစ်လအတွင်း မလေးရှားမှာ မြန်မာနိုင်ငံသား ၄ ဦး သေဆု...
- အီရတ်အမ်ဘာပြည်နယ်တွင် IS စစ်သွေးကြွများမှ ၎င်းတို့အဖွ...
- MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီ...
- မန္တလေးတိုင်း နယ်/လုံဝန်ကြီး၏မိခင် ကျပ်သိန်းသုံးဆယ်...
- တောထဲမှာတစ်ပါးတည်းသီတင်းသုံးနေတဲ့ကိုယ်တော် တစ်ပါးက...
- ရီဟာနာ”ဟာခေါင်းဖြတ်အသက်ခံခဲ့ရပေမယ့် အပြုံးမပျက်ခဲ့ဘူး
- လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ...
- မျိုးစောင့်ဥပဒေ ၂၀၁၅ မတိုင်မီ ပြဋ္ဌာန်းပေးရန် ကြိုးပ...
- selfie ရိုက်ရာတွင် သရဲပုံပါလာ
- ထိုင်းတရားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်
- တောင်ကြီးတွင် ဟိုတယ်ခန်း ဈေးနှုန်း နှစ်ဆကျော်မြင့်
- အစုရှယ်ယာ ဝယ်တဲ့ စီမံကိန်း အမေရိကန် အဆုံးသတ်
- LCD နိုင်ငံအဖြစ်က မြန်မာရုန်းထွက်ရေး ကုလကူညီမည်
- ကျပ်သန်းခြောက်ထောင်သုံးမယ့် ဗိုလ်ရှုခံ (ရုပ်/သံ)
- ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် စင်ကာပူနှင့် ဂျပန် ကု...
- ယူကရိန်းအရာရှိကြီး ၉၀ ကျော် အဂတိလိုက်စားမှုနဲ့ အရေးယူ
- အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူ...
- The Sorcerer & The White Snake(2012)
- Action Movies 2014 | Spy Klds2 | New Comedy Movies...
- Action Movies 2014 hollywood | Hero American | New
- Action movies 2014 Full Movie English - Total Reca...
- The Day Of The Triffids - Complete TV Mini Series ...
- Aliens Vs Monster - ENGLISH - kids movie - Monster...
- Ice Age 4 - Continental Drift - Full English
-
▼
October
(63)
No comments:
Post a Comment