<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

တစ်လအတွင်း မလေးရှားမှာ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးနေတဲ့အလောင်း နေရာ ဒေသ ၄ ခုမှာ တွေ့ရှိ

မလေးရှားမှာ မြန်မာနိုင်ငံသားများ သေဆုံးနေ
တဲ့အလောင်း နယ်မြေ ဒေသတွေမှာ အသတ်
ခံရတဲ့အလောင်းတွေနဲ့ မီးရှို့အစပျောက်တဲ့
အလောင်းတွေပါ မလေးရှားနိုင်ငံ သတင်း
ဌာနတွေမှာ ရေးသားဖော်ပြမှုတွေ တွေ့


ရှိနေရတာဖြစ်သည်။

ပီနန် Tiga Kongsi, Simpang Ampat ရှိ နေ့ကလေးထိန်ကျောင်းအနီးမှာ လည်ပင်း သတ်ဖြတ်ခံထားရတဲ့မြန်မာနိုင်ငံသားအလောင်းကို အောက်တိုဘာ ၂၅ ရက် စနေနေ့ညက လာရောက်စွန့်ပစ်ထားတာတွေကို တွေရှိခဲ့တာဖြစ်သည်ဟု ဘာနားမာ သတင်းတွင် ဖော်ပြထားသည်။။
အလာတူး ဘာတဝေါ Taman Chai Leng, Prai ရှိ ဌာရမ်း နေထိုင်အိမ်နဲ့ မီတာ ၅၀၀ အကွာလောက်မှာ ထူထပ်နေတဲ့ ချုံပုတ်ဘေးမှာ သွေးတွေပေကျံနေတဲ့ စောင်းနဲ့ဖုံးအုပ်ထားပြီ စွန့်ပစ်ထားတဲ့မြန်မာနိုင်ငံအလောင်းကို အသက် ၅၆ နှစ်အရွယ်ရှိသူက တွေ့ရှိခဲ့တာဖြစ်သည်။


အီပို့ Jalan Russelရှိ ကား ပါတ်ကင် ရပ်ထားတဲ့နေရာအနီးတွင် မီးရှို့အစပျောက်ထားတဲ့ မြန်မာနိုင်ငံအလောင်း လက်ကျန် လည်ပင်း လည်တိုင်ကို အမှိုက်တွေနဲ့ ဖုံးအုပ်ထားပြီ လူသွား လူလာ လမ်းဘေးမှာ လာရောက် စွန့်ပစ်သွားတဲ့ လည်ပင်း လည်တိုင်ကို အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ် တွေ့ရှိတာဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်နေ့က ပေါ့တဇင် ပင်လယ် ကမ်းခြေ Teluk Kemang ရှိ အပန်းဖြေတဲ့နေရာ ၁ ကီလိုလောက်အကွာ ရေထဲမှာ မျောနေတဲ့ မြန်မာနိုင်ငံသားအလောင်းကို မီတပ်ကယ်ဆယ်ရေး အဖွဲ့က တွေ့ရှိကာ ဆယ်ယူပြီ ခွဲစိတ်ဖို့အတွက် Senakanuရဲ့အလောင်းကို Port Dickson Hospital ဆေးရုံကို ပို့ပေးထားခဲ့သည်။

မြန်မာနိုင်ငံသား သေဆုံးသူတွေပာာ မနှစ်ကနဲ့ ယခုနှစ် ၂၄ ဦးအထိ ရှိလာခဲ့ပြီ ယနေ့အချိန်ထိ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ပူးပေါင်း ဆောင်ရွက် လုပ်ဆောင်နိုင်ခြင်းမရှိပေ။

 မြန်မာနိုင်ငံသားအလုပ်သမားနဲ့ပတ်သက်ပြီ ယခင်စစ်အစိုးရတွေလဲ ကာကွယ်ပေးမှု မရှိ ခဲ့သလို ယခုအစိုးရလဲ မြန်မာနိုင်ငံသားတွေအတွက် ထိထိရောက်ရောက် ယနေ့အချိန်ထိ လုံးဝ ကာကွယ်ပေးမှု မရှိသေးကြောင်း။


မြန်မာအလုပ်သမားအဖွဲ့MMRC မှ အစိုးရ၏ လုပ်ဆောင်ချက်တွေကို အခုလို ဝေဖန်လိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက အကျင့်စရိတ္တပျက်ပြားနေတဲ့ဝန်ထမ်းတွေ အတွက် အဲဒီဝန်ထမ်းတွေ အသတ်ခံရတာမှာ စိုးရိမ်သောကြောင့် လုံခြုံရေးကာကွယ်ပေးဖို့ မလေးရှားရှိ မြန်မာသံရုံးရဲ့ရှေ့ဘေးမှာ ၂၄ နာရီထိ စောင့်ကြပ်ဖို့ အထူးရဲတပ်ဖွဲ့ ရဲကင်းကား၁ စီ မလေးရှားအစိုးရဆီမှာ အကူအညီတောင်းခံထားခဲ့သည်။

သို့သော်လဲ မလေးရှားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေလုံခြုံရေးအတွက်တော့ ဘယ်အစိုးရမှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု မြန်မာအလုပ်သမားအဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သူရိယဂျာနယ်







၂၇ ရက်နေ့က မလေးမေးလ် သတင်းစာပါတဲ့ သတင်းခေါင်းစဉ်
In Penang, 17 murders in 10 months with victims’ throats slit
၂၆ ရက်နေ့က ဘာနားမာ သတင်းစာပါတဲ့ သတင်းခေါင်းစဉ်
Myanmar man strangled to death in fight
၂၅ ရက်နေ့က ဘာနားမာ သတင်းစာပါတဲ့ သတင်းခေါင်စးဉ်
MYANMAR MAN FOUND DEAD WITH THROAT SLIT
၂၄ ရက်နေ့က ဘာနားမာ သတင်းစာပါတဲ့ သတင်းခေါင်းစဉ်
Body Of Drowned Myanmar Man Found Off Teluk Kemang

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်