<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

ရန်ကုန်အတွက် တယ်လီနောဆင်းမ်ကတ် တစ်သန်းချထားပေးပြီး လိုအပ်ပါက ကတ် ၁၀ သန်း အသင့်ရှိ

 နော်ဝေ အခြေစိုက် မိုဘိုင်း အော်ပရေတာ
 တယ်လီနောက ရန်ကုန်မြို့အတွက် အောက်
တိုဘာ ၂၆ ရက်တွင် ဆင်းမ်ကတ် တစ်သန်းချ
ထားပေးပြီး လိုအပ်ပါက ဆက်လက်ချထားပေး
ရန် ကတ် ၁၀ သန်း အသင့်ရှိသည်ဟု


တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက မဇ္ဈိမကို ပြောသည်။


မြန်မာနိုင်ငံရှိ တယ်လီဖုန်းဆင်းကပ် အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနော Telenor ဆင်းကပ်များ စတင်ရောင်းချသည့်နေ့ ဖွင့်ပွဲကို ရန်ကုန်မြို့ စက်မှု ၁ လမ်းရှိ တယ်လီနော ရုံးချုပ်တွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကိုစိုးသူထွန်းက "ရန်ကုန်အတွက် ကတ်တစ်သန်း ချထားပေးပါတယ်။ လိုအပ်ချက်ရှိတယ်ဆိုရင် ဆက်ပြီးချပေးဖို့ ကတ် ၁၀ သန်းအသင့်ရှိပါတယ်။ လိုအပ်တယ်ဆိုရင် ကိုယ်စားလှယ်တွေ ထပ်မှာသလောက် ချထားပေးမှာပါ" ဟု ဆိုသည်။

တယ်လီနော၏ ဆင်းမ်ကတ်ရောင်းသည့် ကိုယ်စားလှယ်ဆိုင်အချို့တွင် မှတ်ပုံတင်ပြ၍ ၀ယ်ရန်မလိုဘဲ ရောင်းချခြင်းမျိုး ရှိနေပြီး ယင်းကဲ့သို့ ရောင်းချခြင်းမျိုးများကို တယ်လီနောထံသို့ အကြောင်းကြားပေးရန် ကိုစိုးသူထွန်းက ပြောသည်။

၎င်းက" ဆိုင်တွေက မှတ်ပုံတင်မလိုဘဲ ရောင်းနေတာရှိရင် တယ်လီနောဆီကို အကြောင်းကြားပေးဖို့ တောင်းဆိုပါတယ်။ ကတ်ပျောက်တာတို့ ပျက်တာတို့ ဆိုရင် မှတ်ပုံတင်ပြပြီး ဝယ်ထားတာ မဟုတ်တဲ့အတွက် အဲ့ဒီနံပါတ် ပြန်မရနိုင်တော့ဘူး" ဟု အသိပေးပြောကြားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်နေ တယ်လီနောဖုန်းအသုံးပြုသူ တစ်ဦးက "ဆိုင်တွေမှာ ငွေဖြည့်ကတ် ဘယ်လောက်တန်နဲ့မှ တွဲရောင်းမယ် ဆိုတာမျိုးတွေက စိတ်ပျက်ဖို့ ကောင်းတယ်" ဟု ပြောသည်။

တယ်လီနော အနေဖြင့် ဆင်းမ်ကတ် စတင် ဝယ်ယူသည့် အချိန်တွင် ငွေဖြည့်ကတ် ၃၀၀၀ ကတ်နှင့် တွဲဖက် ဝယ်ယူရန် တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ်က ရန်ကုန်တွင် စတင်ရောင်းချသည့်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ယင်းသို့ ရောင်းချခြင်းမှာ မှောင်ခို ဈေးကွက်မဖြစ်ပေါ်စေရန် ကာကွယ်ခြင်း ဖြစ်သည်ဟုလည်း ပြောကြားထားသည်။

တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များတွင် ငွေဖြည့်ကတ်ဖြင့် တွဲရောင်းခြင်းနှင့်ပတ်သက်ပြီး ကိုစိုးသူထွန်းက "ငွေဖြည့်ကတ်နဲ့ တွဲရောင်းတာကို ဝယ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ပထမဆုံးဖြည့်တဲ့ ငွေဖြည့်ကတ်အလိုက် ပရိုမိုးရှင်း ပေးတာတွေရှိတယ်။ တကယ်သုံးဖြစ်မယ်ဆိုလည်း ငွေဖြည့်ကတ်က ဝယ်ရမှာပဲလေ" ဟု ဆိုသည်။

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်