<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Friday 31 October 2014

ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ်ခံရ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေးလုပ်ငန်း အချို့ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွားလမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည်ဟု ဆိုသည်။

“လွယ်ဆမ်ဆုံ(မ်) က လာတဲ့ ကားနှစ်စီးကို အစိုးရ တပ်မတော်နဲ့ရဲတပ်ဖွဲ့မူးယစ်တို့က တားဆီးစစ်ဆေး ဖမ်းဆီးတယ်။ ဘိန်းဖြူ ၊ ယာဘ တင်ဆောင်တဲ့ကားနှစ်စီးကို ဖမ်းဆီးလိုက်တာ။ နှစ်လ လောက်ရှိ တော့မယ်။ ပိုင်ရှင်က ၀ ခေါင်း ဆောင်လို့ပြောတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဟွေ့အော့က သူတို့ရဲ့ ဓါတ်ဆီဆိုင်၊ နေအိမ်နဲ့ တခြားပတ်သက်တဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်တာ” – ဟု ဟွေ့အော့ရောက် မိုင်းတုံဒေသခံ တဦးကပြောသည်။

မိုင်းတုံမြို့နယ်အတွင်း ဝေ့ရှော်ယင်ခေါင်းဆောင်သောတောင်ပိုင်း ဝ တပ်ဖွဲ့က ရာဘာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဓါတ်ဆီအရောင်းဆိုင်များ အပြင် အခြားသောတရားမဝင် လုပ်ငန်းများ လည်း လုပ်ကိုင်သည်ဟု ဆိုသည်။

ဝေ့ရှော်ယင်သည် မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်ငံအစိုးရ ဘတ်ငွေ ၂ သန်းဖြင့် ဖမ်းဝရန်းထုတ်ထားသည့် ဝ တပ်ဖွဲ့ ခေါင်းဆောင် စာရင်းဝင် ဝေ့ရှော်ကန်း (လက်ရှိပန်ဆိုင်းမြို့နေသူ) ၏ ညီအရင်းဖြစ်သည်။

“အခုလိုဖမ်းဆီးနေတာတွေ၊ ပူနားကိုမှာ မူးယစ်ဆေးဝါး ပိတ်ဆို့ ဖမ်းဆီးတာတွေက ဟန်ပြဘဲ။ တကယ့်ပင်ရင်း ၊ တိုက်ရိုက် ထုတ်လုပ်တဲ့ အကြီးပိုင်းကို ဘယ်တော့မှ ဖမ်းမမိဘူး။ အဖျားပိုင်း ကိုဘဲအမြဲဖမ်းမိတာ။ ပူနားကိုသွားဝိုင်း တုန်းကလဲ ဒီလိုဘဲ။ ဒီတော့ မူးယစ်ဆေးဝါးက ဆက်ရှိနေဦးမှာဘဲ။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို မလာခင် လုပ်ပြနေတာ။ နာမည်ကောင်းရအောင်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများအနက် ၉၆% မှာ သျှမ်းပြည်မှ ထွက်ရှိသည်ဟု ဆိုသည်။ ကမ္ဘာတွင် အာဖကန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဟု ကမ္ဘာ့မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းရေး UNODC က ထုတ်ပြန်ထားဖူးသည်။



ဓါတ်ပုံ - ချိတ်ပိတ်ခံရ ၀ ခေါင်းဆောင်များ၏ လုပ်ငန်းတချို့


No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်