<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

“မန်း မဘသ ကြေညာချက်”

“မန်း မဘသ ကြေညာချက်”
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး”
“၃၀.၁၀.၂၀၁၄ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပသည့် အမျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပွဲအခမ်းအနား၌ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)၊ မန္တလေးတိုင်းဒေသကြီး၏ သဘောထားထုတ်ပြန်ကြေညာချက်”
ကြေညာချက်အမှတ်(၁၃/၂၀၁၄)...
၁။ အမျိုးစောင့်ဥပဒေမရှိခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသူများ၊ ဘာသာခြား လူမျိုးခြားတို့၏ မတရားအနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရသည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသား(၁၃၅)မျိုးအတွက် အလွန် အရေးကြီးသော အမျိုးစောင့်ဥပဒေကို လက်ရှိအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေပြုအမတ်များအနေဖြင့် အမြန်ဆုံး ပြဋ္ဌာန်းပေးကြရန် တောင်းဆိုလိုက်သည်။
၂။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ “မဘသ” ဖွဲ့စည်းထားခြင်းသည် ဗမာလူမျိုးတစ်မျိုးတည်း အတွက်သာ ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းမဟုတ်၊ တိုင်းရင်းသား(၁၃၅)မျိုးလုံးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အမျိုးစောင့်ဥပဒေသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ကာကွယ်ပေးသည့် ဥပဒေဖြစ်သည်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ “မဘသ” သည် တိုင်းရင်းသား(၁၃၅)မျိုးလုံးကို ညီရင်းအစ်ကို မောင်ရင်းနှမလို သဘောထားသည်။ အမျိုးစောင့်ဥပဒေသည် ငြိမ်းချမ်းရေးကို အထောက်အပံ့ပေးသည့် ဥပဒေဖြစ်သည်။ အမျိုးစောင့်ဥပဒေသည် လွတ်လပ်စွာ လက်ထပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အပြည့်အဝခွင့်ပြုထားသည်။ ထို့ကြောင့် လူ့အခွင့်အရေးကို မချိုးဖောက်၊ လူ့အခွင့်အရေးနှင့် ညီညွတ်ကြောင်း ကြေညာလိုက်သည်။
၃။ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချနေသော မည်သည့်အဖွဲ့အစည်းမဆို၊ အမျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချနေသူ မည်သူမဆို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)၊ မန္တလေးတိုင်းဒေသကြီးနှင့် အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ကြောင်း ကြေညာ လိုက်သည်။
အတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တကုသလ
ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တပညာသာမိ
ဦးဆောင်ဆရာတော်
ဘဒ္ဒန္တဣန္ဒာစက္ကာ

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်