<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူညီမည်

မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ဘဏ်က ထုတ်ချေး ထားတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ဆီ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရင် ဖြေရှင်း ပေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ ဒီကနေ့ ကျင်းပစဉ် အဲဒီအဖွဲ့ရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှုး ဦးယဉ်အေးကပြောပါတယ် ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေ အရေး ကိစ္စကို ပြောခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်/ဘဏ်ကနေ တစ်ဧက ကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးထားရာမှာ ပြန်မဆပ်နိုင်တဲ့ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေကို ဥပဒေအရ အရေးယူ မယ်လို့လည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒါကြောင့် သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေအနေနဲ့ မိုးကြီးလို့လယ်တွေ ရေနစ်မြှပ်ရတာတွေ၊ ချိန်ခါမဟုတ် မိုးရွာတဲ့အတွက် စပါးတွေပျက်စီးခဲ့တာတွေကြောင့် သီးနှံတွေတကယ်ပျက်စီးဆုံးရှုံးတဲ့ အထောက်အထားတွေကို သက်ဆိုင်ရာဘဏ်ကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တွေနဲ့ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီတွေဆီ တင်ပြပြီးဖြေရှင်းပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် လယ်မြေသိမ်းဆည်းခံရမှု အငြင်းပွားနေရတဲ့ကိစ္စတွေ၊ လယ်သမားတွေ လယ်ပိုင်ဆိုင်မှု အာမခံနိုင်ရေး ဥပဒေအရပြင်ဆင်ပေးနိုင်ဖို့နဲ့ တည်ငြိမ်တဲ့စပါးဈေးကွက် ဖြစ်လာစေရေး အတွက်ကိုလည်း လွှတ်တော်ဆီတင်သွင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်