<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Monday 3 November 2014

ဓမ္မပီယတရားပွဲ”

2.11.2014 ည 8:00 မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၄၄၊ ကဲဘာတန်းရပ်ကွက်၊ ဓမ္မပီယအရုဏ်ဆွမ်းကပ်အသင်း စတုတ္ထအကြိမ် အထူးဓမ္မသဘင်မှာ ဟောကြားသည်။
ဓမ္မပီယအမည်ကို မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခဲ့သည်မှာ မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကတည်းကဖြစ်ပြီး၊ အထူးတရားပွဲကျင်းပသည်မှ ယခုနှစ်နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ်သည်။...
အမျိုးစောင့်ဥပဒေ တရားတော်ဟောကြားခဲ့သည်။ အမျိုးစောင့်ဥပဒေအတွင်း အကျုံးဝင်သည့် ဥပဒေလေးရပ် လိုအပ်ရခြင်းအကြောင်းနှင့် ရရှိနိုင်မည့် အကျိုးတရားကို ဟောကြားကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့အတွက် အကောင်းဆုံး အပြည့်စုံဆုံး အထောက်အကူပြုမည့် ဥပဒေ ဖြစ်ကြောင်း အကျယ်တဝင့်ဟောကြားခဲ့ခြင်းဖြစ်သည်။
“အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။





မိန်းမယုတ် စိဉ္စမာဏနှင့် စပွန်စာပေးသော တိတ္ထိများ"

စိဉ္စမာဏ ဆိုတဲ့ အမျိုးသမီးဟာ မြတ်စွာဘုရားရှင် သာသနာတော်မှာ မကောင်းတဲ့ နာမည်နဲ့ သတင်းကြီးခဲ့သူပါ။ မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား သာသနာတော်ကို တိတ္ထိတွေ အားကိုးနဲ့ မိုက်ရိုင်းစော်ကားခဲ့လို့ သာသနာ့သမိုင်းမှာ မကောင်းသတင်းနှင့် နာမည်ကြီးခဲ့ပြီး နောက်ဆုံး မြေမြို၍ အဝီစိငရဲသို့ကျရောက်ကာ ဘဝနစ်မွန်းခဲ့သူပါ။ ခေတ်လိုပြောရမည်ဆိုပါလျှင် ဘာသာခြား အားကိုးဖြင့် မြတ်စွာဘုရား သာသနာတော်ကို စော်ကားပြီး နာမည်ကြီး၊ ကမ္ဘာကျော်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူလျှက် ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ လူပြည်တွင်သာမက နတ်ပြည်၌လည်း လှည့်လည်ကာ တရားတော်ဟောတော်မူသဖြင့် မရေမတွက်နိုင်သော နတ်လူအပေါင်းများ တရားထူး တရားမြတ်များရကာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘုရားရှင်အား လာဘ်ပူဇော်မှု များစွာဖြစ်လာပြီး၊ တိတ္တိတို့မှာ တစ်နေ့တစ်ခြား လာဘ်ပူဇော်မှုတွေ ဆုတ်ယုတ်လာပါတော့တယ်။ ခေတ်လိုပြောရရင် တရားဓမ္မရဲ့ကျေးဇူးကြောင့် မတရားအဓမ္မနှင့် မတရားအဓမ္မ လက်ကိုင်ထားသူများအား လူသားတို့အနေဖြင့် စပ်ဆုပ်ဖွယ်ရာဖြစ်လာတော့ ထောက်ခံမှုတွေ နည်းပါးသွားတဲ့ သဘောပါ။
အဲဒီအခါမှာ တိတ္ထိတွေက စည်းရုံးပါတော့တယ်။ “ဒါယကာတို့ ရဟန်းဂေါတမသာ ဘုရားစင်စစ် ဖြစ်သည်မဟုတ်၊ ငါတို့လည်း ဘုရားစင်စစ်ဖြစ်ကြပါ၏။
ရဟန်းဂေါတမအား လှူသည့်အလှူသာ အကျိုးကြီးသည်မဟုတ်၊ ငါတို့အားလည်း လှူသည့်အလှူသည် အကျိုးကြီးပါ၏။ ငါတို့အားလည်း လှူကြပါဟု အရှက်မရှိ တောင်းခံပါတော့တယ်၊ မတန်မရာ မြတ်စွာဘုရားရှင်၏ သီလ သမာဓိ ပညာနှင့် ထမိန်ကြားနေတဲ့ မသူတော်တွေက အရှက်မရှိ မတန်မရာ ခိုင်းနှိုင်းပြီး စည်းရုံးသိမ်းသွင်းတာပါ။” ဒါပေမယ့်လည်း လူကောင်းနှင့် လူယုတ်၊ သူတော်နှင့် မသူတော် ကွဲကွဲပြားပြား သိတဲ့ ပြည်သူတွေကတော့ မြတ်စွာဘုရားရှင်ကိုသာ ပို၍ ပို၍ ကြည်ညိုလေးစားစွာ ဆည်းကပ်ကိုးကွယ်ပါတယ်။
ဒါနဲ့ တိတ္ထိတွေက သူတို့ရဲ့ အကြံမအောင်မြင်တော့ နောက်တစ်ဖန် အောက်တန်းကျသော ထိုးစစ်တစ်ခု ဆင်ပါတော့တယ်။ ခေတ်လိုပြောပြရရင်တော့ အရူးဘုံမြှောက်တဲ့သဘောပါ။ သူတို့ရဲ့ တပည့်မလည်းဖြစ်၊ သူတို့ စပွန်စာပေးထားတဲ့ အမျိုးသမီးလည်းဖြစ်တဲ့ စိဉ္စမာဏဝိကာ(စိဉ္စမာဏ)ကို မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို စွပ်စွဲပုတ်ခတ်ဖျက်စီးပေးရန် အကူအညီတောင်းကာ နည်းဗျူဟာတစ်ခုကို ခင်းပါတော့တယ်။ လိုအပ်တဲ့ အထောက်အပံ့၊ အကူအညီ(ခေတ်လိုပြောရရင်) စပွန်စာတွေ၊ ဂုဏ်ထူးဆောင်ဘွဲ့ရထားတဲ့ စိဉ္စမာဏက လုပ်သင့်သလား၊ မလုပ်သင့်သလား၊မစဉ်းစား၊ ငွေတစ်မျက်နှာကြည့်ကာ လက်ခံခဲ့ပါတယ်။
စိဉ္စမာဏဟာ မိန်းမမာယာ၌ ကျွမ်းကျင်သူဖြစ်ရကား မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူး၊ သာသနာ၏ ဂုဏ်ကျေးဇူးကို ဖျက်စီးရန် စတင်ပါတော့တယ်။ ပြည်သူလူထုလို့ခေါ်နိုင်တဲ့ မြတ်စွာဘုရားရှင်အား ကြည်ညိုသူများ အထင်မှားအောင် ညနေဆည်းဆာချိန် မြတ်စွာဘုရား တရားကိုနာယူပြီး ထွက်လာတဲ့ လူထုပရိတ်သတ် ရှေ့မှာ ဇေတဝန်ကျောင်းဘက်သို့ သွားသည့်ဟန်ကိုပြပါတယ်။
မနက်တရားနာဖို့ရောက်လာတဲ့လူထုရှေ့မှာတော့ ဇေတဝန်ကျောင်းမှာ ညအိပ်ပြီး ပြန်လာတဲ့ပုံစံ ဗျူဟာကို ခင်းတာပါ။ အမှန်က ဇေတဝန်ကျောင်းမှာအိပ်တာမဟုတ်ဘဲ၊ တိတ္ထိကျောင်းမှာသာ အိပ်တာပါ။ လူတွေနဲ့ တွေ့တဲ့အခါမှာ ဇေတဝန်ကျောင်းမှာ ညအိမ်ပြီး ပြန်လာသည့်အကြောင်း အောက်တန်းကျစွာ ဆိုပါတယ်။ အထင်လွဲအောင် အမြင်မှားအောင် ယုတ်မာကောက်ကျစ်တဲ့ အောက်တန်းကျ ဗျူဟာကိုခင်းတာပါ။ လ-အတော်ကြာလာတဲ့အခါမှာတော့ ဝမ်းဗိုက်မှာ ပျဉ်ချုပ်တွေကပ်ပြီး ကိုယ်ဝန်ရတဲ့ ပုံစံကိုထွင်၍ မြတ်စွာဘုရားရှင် တရားဟောတော်မူရာ ဇေတဝန်ကျောင်းထဲသို့ဝင်ကာ မြတ်စွာဘုရားရှင် လူထုပရိတ်သတ် အထင်မှားအောင် “ရဟန်းကြီး သင်ကား လူအပေါင်းကို တရားဟောနေဘိ၏။ ကျွန်ုပ်မှာကား သင့်ကိုစွဲ၍ လွယ်ထားရသော ကိုယ်ဝန်ကား ရင့်မာနေပြီ။ ကျွန်ုပ်သားဖွားဖို့ ကိစ္စကိုဘာမှမဆောင်ရွတ်၊ သင်ကား မွေ့လျှော်ခြင်း တစ်ခုကိုသာ သိ၏။ စောင့်ရှောက်ဖို့ရန် သားဖွားဖို့နေရာပေးရန် မစဉ်းစားဟု ”အောက်တန်းကျစွာ စွပ်စွဲပါတော့တယ်။
ဒါပေမယ့် ကရုဏာတော်ရှင်ပင်မြတ်စွာဘုရား၏ မေတ္တာတော်ကြောင့်ပင် စိဉ္စမာဏမိန်းမယုတ်၏ အလိမ်အညာတွေပေါ်ကာ လူထုရဲ့ရိုက်ပုတ်ဒဏ်ကိုခံရ၍ နောက်ဆုံး မြေမြိုပြီး အဝီစိငရဲသို့ ကျရောက်ကာ ဘဝနိဂုံးချုပ်လေတော့၏။ ထိုသတင်းကား မြတ်စွာဘုရားသာသနာတော်မှာ နာမည်ကြီး ဖြစ်ရပ်တစ်ခုအဖြစ် ရှိခဲ့ပါတယ်။ အဆိုးနဲ့ ကြီးခဲ့သည့်နာမည်ပါ။ မိစ္ဆာတိတ္ထိတို့၏ စပွန်စာကိုယူကာ မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရားသာသနာတော်အားလည်းကောင်း၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုမှီခို၍ နေလေ့ရှိသော လူထုကြား မြတ်စွာဘုရားရှင်အား အရိုသေတန်သွားအာင် သပ်သျှိုသွေးခွဲ ဗျူဟာကို ခင်းကျင်းရခြင်း၏ အဆိုးရလာဒ်ကို အဝီစိရောက်သည်အထိ ပေးဆပ်သွားခဲ့တဲ့ မိန်းမယုတ်၏ ဖြစ်ရပ်ကို သံဝေဂ ယူကြပါကုန်လော့။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
"မိန်းမယုတ် စိဉ္စမာဏနှင့် စပွန်စာပေးသော တိတ္ထိများ"
***********************************************************
စိဉ္စမာဏ ဆိုတဲ့ အမျိုးသမီးဟာ မြတ်စွာဘုရားရှင် သာသနာတော်မှာ မကောင်းတဲ့ နာမည်နဲ့ သတင်းကြီးခဲ့သူပါ။ မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား သာသနာတော်ကို တိတ္ထိတွေ အားကိုးနဲ့ မိုက်ရိုင်းစော်ကားခဲ့လို့ သာသနာ့သမိုင်းမှာ မကောင်းသတင်းနှင့် နာမည်ကြီးခဲ့ပြီး နောက်ဆုံး မြေမြို၍ အဝီစိငရဲသို့ကျရောက်ကာ ဘဝနစ်မွန်းခဲ့သူပါ။ ခေတ်လိုပြောရမည်ဆိုပါလျှင် ဘာသာခြား အားကိုးဖြင့် မြတ်စွာဘုရား သာသနာတော်ကို စော်ကားပြီး နာမည်ကြီး၊ ကမ္ဘာကျော်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူလျှက် ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ လူပြည်တွင်သာမက နတ်ပြည်၌လည်း လှည့်လည်ကာ တရားတော်ဟောတော်မူသဖြင့် မရေမတွက်နိုင်သော နတ်လူအပေါင်းများ တရားထူး တရားမြတ်များရကာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဒါကြောင့် ဘုရားရှင်အား လာဘ်ပူဇော်မှု များစွာဖြစ်လာပြီး၊ တိတ္တိတို့မှာ တစ်နေ့တစ်ခြား လာဘ်ပူဇော်မှုတွေ ဆုတ်ယုတ်လာပါတော့တယ်။ ခေတ်လိုပြောရရင် တရားဓမ္မရဲ့ကျေးဇူးကြောင့် မတရားအဓမ္မနှင့် မတရားအဓမ္မ လက်ကိုင်ထားသူများအား လူသားတို့အနေဖြင့် စပ်ဆုပ်ဖွယ်ရာဖြစ်လာတော့ ထောက်ခံမှုတွေ နည်းပါးသွားတဲ့ သဘောပါ။
အဲဒီအခါမှာ တိတ္ထိတွေက စည်းရုံးပါတော့တယ်။ “ဒါယကာတို့ ရဟန်းဂေါတမသာ ဘုရားစင်စစ် ဖြစ်သည်မဟုတ်၊ ငါတို့လည်း ဘုရားစင်စစ်ဖြစ်ကြပါ၏။
ရဟန်းဂေါတမအား လှူသည့်အလှူသာ အကျိုးကြီးသည်မဟုတ်၊ ငါတို့အားလည်း လှူသည့်အလှူသည် အကျိုးကြီးပါ၏။ ငါတို့အားလည်း လှူကြပါဟု အရှက်မရှိ တောင်းခံပါတော့တယ်၊ မတန်မရာ မြတ်စွာဘုရားရှင်၏ သီလ သမာဓိ ပညာနှင့် ထမိန်ကြားနေတဲ့ မသူတော်တွေက အရှက်မရှိ မတန်မရာ ခိုင်းနှိုင်းပြီး စည်းရုံးသိမ်းသွင်းတာပါ။” ဒါပေမယ့်လည်း လူကောင်းနှင့် လူယုတ်၊ သူတော်နှင့် မသူတော် ကွဲကွဲပြားပြား သိတဲ့ ပြည်သူတွေကတော့ မြတ်စွာဘုရားရှင်ကိုသာ ပို၍ ပို၍ ကြည်ညိုလေးစားစွာ ဆည်းကပ်ကိုးကွယ်ပါတယ်။

ဒါနဲ့ တိတ္ထိတွေက သူတို့ရဲ့ အကြံမအောင်မြင်တော့ နောက်တစ်ဖန် အောက်တန်းကျသော ထိုးစစ်တစ်ခု ဆင်ပါတော့တယ်။ ခေတ်လိုပြောပြရရင်တော့ အရူးဘုံမြှောက်တဲ့သဘောပါ။ သူတို့ရဲ့ တပည့်မလည်းဖြစ်၊ သူတို့ စပွန်စာပေးထားတဲ့ အမျိုးသမီးလည်းဖြစ်တဲ့ စိဉ္စမာဏဝိကာ(စိဉ္စမာဏ)ကို မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို စွပ်စွဲပုတ်ခတ်ဖျက်စီးပေးရန် အကူအညီတောင်းကာ နည်းဗျူဟာတစ်ခုကို ခင်းပါတော့တယ်။ လိုအပ်တဲ့ အထောက်အပံ့၊ အကူအညီ(ခေတ်လိုပြောရရင်) စပွန်စာတွေ၊ ဂုဏ်ထူးဆောင်ဘွဲ့ရထားတဲ့ စိဉ္စမာဏက လုပ်သင့်သလား၊ မလုပ်သင့်သလား၊မစဉ်းစား၊ ငွေတစ်မျက်နှာကြည့်ကာ လက်ခံခဲ့ပါတယ်။
စိဉ္စမာဏဟာ မိန်းမမာယာ၌ ကျွမ်းကျင်သူဖြစ်ရကား မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူး၊ သာသနာ၏ ဂုဏ်ကျေးဇူးကို ဖျက်စီးရန် စတင်ပါတော့တယ်။ ပြည်သူလူထုလို့ခေါ်နိုင်တဲ့ မြတ်စွာဘုရားရှင်အား ကြည်ညိုသူများ အထင်မှားအောင် ညနေဆည်းဆာချိန် မြတ်စွာဘုရား တရားကိုနာယူပြီး ထွက်လာတဲ့ လူထုပရိတ်သတ် ရှေ့မှာ ဇေတဝန်ကျောင်းဘက်သို့ သွားသည့်ဟန်ကိုပြပါတယ်။

မနက်တရားနာဖို့ရောက်လာတဲ့လူထုရှေ့မှာတော့ ဇေတဝန်ကျောင်းမှာ ညအိပ်ပြီး ပြန်လာတဲ့ပုံစံ ဗျူဟာကို ခင်းတာပါ။ အမှန်က ဇေတဝန်ကျောင်းမှာအိပ်တာမဟုတ်ဘဲ၊ တိတ္ထိကျောင်းမှာသာ အိပ်တာပါ။ လူတွေနဲ့ တွေ့တဲ့အခါမှာ ဇေတဝန်ကျောင်းမှာ ညအိမ်ပြီး ပြန်လာသည့်အကြောင်း အောက်တန်းကျစွာ ဆိုပါတယ်။ အထင်လွဲအောင် အမြင်မှားအောင် ယုတ်မာကောက်ကျစ်တဲ့ အောက်တန်းကျ ဗျူဟာကိုခင်းတာပါ။ လ-အတော်ကြာလာတဲ့အခါမှာတော့ ဝမ်းဗိုက်မှာ ပျဉ်ချုပ်တွေကပ်ပြီး ကိုယ်ဝန်ရတဲ့ ပုံစံကိုထွင်၍ မြတ်စွာဘုရားရှင် တရားဟောတော်မူရာ ဇေတဝန်ကျောင်းထဲသို့ဝင်ကာ မြတ်စွာဘုရားရှင် လူထုပရိတ်သတ် အထင်မှားအောင် “ရဟန်းကြီး သင်ကား လူအပေါင်းကို တရားဟောနေဘိ၏။ ကျွန်ုပ်မှာကား သင့်ကိုစွဲ၍ လွယ်ထားရသော ကိုယ်ဝန်ကား ရင့်မာနေပြီ။ ကျွန်ုပ်သားဖွားဖို့ ကိစ္စကိုဘာမှမဆောင်ရွတ်၊ သင်ကား မွေ့လျှော်ခြင်း တစ်ခုကိုသာ သိ၏။ စောင့်ရှောက်ဖို့ရန် သားဖွားဖို့နေရာပေးရန် မစဉ်းစားဟု ”အောက်တန်းကျစွာ စွပ်စွဲပါတော့တယ်။
ဒါပေမယ့် ကရုဏာတော်ရှင်ပင်မြတ်စွာဘုရား၏ မေတ္တာတော်ကြောင့်ပင် စိဉ္စမာဏမိန်းမယုတ်၏ အလိမ်အညာတွေပေါ်ကာ လူထုရဲ့ရိုက်ပုတ်ဒဏ်ကိုခံရ၍ နောက်ဆုံး မြေမြိုပြီး အဝီစိငရဲသို့ ကျရောက်ကာ ဘဝနိဂုံးချုပ်လေတော့၏။ ထိုသတင်းကား မြတ်စွာဘုရားသာသနာတော်မှာ နာမည်ကြီး ဖြစ်ရပ်တစ်ခုအဖြစ် ရှိခဲ့ပါတယ်။ အဆိုးနဲ့ ကြီးခဲ့သည့်နာမည်ပါ။ မိစ္ဆာတိတ္ထိတို့၏ စပွန်စာကိုယူကာ မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရားသာသနာတော်အားလည်းကောင်း၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုမှီခို၍ နေလေ့ရှိသော လူထုကြား မြတ်စွာဘုရားရှင်အား အရိုသေတန်သွားအာင် သပ်သျှိုသွေးခွဲ ဗျူဟာကို ခင်းကျင်းရခြင်း၏ အဆိုးရလာဒ်ကို အဝီစိရောက်သည်အထိ ပေးဆပ်သွားခဲ့တဲ့ မိန်းမယုတ်၏ ဖြစ်ရပ်ကို သံဝေဂ ယူကြပါကုန်လော့။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ကမ္ဘာပေါ်မှာ ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံးနေရာအဖြစ် ပုဂံ ရွေးချယ်ခံရ

၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁မှာ မြန်မာ နိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က  ရွေးချယ် လိုက်ပါတယ်။

ပုဂံရဲ့ နေထွက်တာဟာ အိမ်မက် ဆန်သလို ဒီလို နေထွက်လာတာကို ဘုရားပေါ်ကနေ တက်ကြည့်မယ်ဆိုရင် အမှောင်လွှမ်းနေတဲ့ မြေပြင်ဟာ ရွှေရောင် တောက်ပတဲ့ ရှုခင်း အသွင်ပြောင်းသွားတာကို မြင်ရမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါကိုမြင်ရတာဟာ တကယ့်ကို မယုံနိုင်စရာဖြစ်သလို ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ရေးပါတယ်။

ပုဂံကို သွားဖို့ အကောင်းဆုံး အချိန်ကတော့ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယနေရာမှာတော့ နော်ဝေနိုင်ငံ ထရော်တိုဒါစကေကေးဒါနဲ့ တတိယနေရာကိုတော့ အမေရိကန် ပြည်ထောင်စုက နယူးယောက်မြို့ကို ရွေးချယ်ခဲ့ပါတယ်။




ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမှာ ရုရှားစစ်ဘက်အရာရှိများနှင့် ဆွေးနွေး

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ ကိုအသွား မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်က ထွက်ခွာသွားပြီး ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ အလက်ဇန္ဒား ဖိုမင်နဲ့တွေ့ဆုံကာ ၂ နိုင်ငံ တပ်မတော် ၂ ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတတ် လုပ်ဆောင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ တယ်လို့ ဖော်ပြထားတာပါ။

နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် ၂ ရပ်အကြား အကျိုးတူ ကိစ္စရပ် တွေ ဆွေးနွေးတာ၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာတာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ် နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်ကာ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကြေညာခဲ့တာဖြစ်ပြီး မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ မီဒီယာဖိနှိပ်မှုအပါအ၀င် ကမ္ဘာမှာ လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေအဖြစ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပူးတွဲသတ်မှတ် ဖော်ပြခံရလေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။




အလောင်းဝယ်တဲ့ တရုတ် အရာရှိ ၂ ဦးကို ဖမ်းဆီး

တရုတ် နိုင်ငံမှာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် အလောင်း အရေအတွက်ကို ပြည့်မီအောင် သင်္ချိုင်း ဖောက်သူတွေ ဆီက အလောင်းတွေ လိုက်ဝယ်တဲ့ ဂွန်ဒေါင်း ပြည်နယ်က အရာရှိ ၂ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။

သူတို့ဟာ အစိုးရက သတ်မှတ် ထားတဲ့ မီးသင်္ဂြိုလ် ရမယ့် လစဉ် အရေအတွက်ကို ပြည့်မီအောင် အလောင်း တစ်လောင်းကို အမေရိကန် ဒေါ်လာ ၅၀၀ နီးပါး ပေးပြီး တစ်ဒါဇင်လောက် ဝယ်ခဲ့တယ်လို့ ပြောပါတယ်။

တရုတ်တို့ရဲ့ ဓလေ့ ထုံးစံအရ ဆွေးမျိုးတွေ သေဆုံးတဲ့အခါ နောင်လူတွေက ဂါရဝ ပြုနိုင်ဖို့အတွက် မီးသင်္ဂြိုလ်မယ့် အစား ဂူသွင်း မြှုပ်နှံ လိုကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် အစိုးရကတော့ မြေနေရာကို ထိန်းသိမ်း ဖို့အတွက် အလောင်းတွေကို မီးသင်္ဂြိုလ်ဖို့ တိုက်တွန်း နေခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ ကွယ်လွန်သူ ဘိုးဘေးတွေကို ရှိခိုးတဲ့ ဓလေ့က အချိန် အတော်ကြာ ရှိနေခဲ့တာ ဖြစ်ပြီး အလောင်းတွေ မပျက်မစီး ရှိနေမယ် ဆိုရင် နောင်ဘဝမှာ အေးချမ်းမယ်လို့ အယူအဆ ရှိကြတာ ဖြစ်ပါတယ်။




အမတ်တွေ တာဝန်ကျေကြဖို့ သူရဦးရွှေမန်း သတိပေး

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေးမန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက် ရာမှာ တက်တက် ကြွကြွ နဲ့ တာဝန် ကျေပွန် ကြဖို့ မကြာ သေးခင် က သတိပေး ပြောကြား လိုက်ပါတယ်။

လွှတ်တော် ရေးရာ ကော်မတီ တွေကို လွှတ်တော် ငယ်လေးတွေ အဖြစ် သဘောထား ရမှာ ဖြစ်ပြီး၊ အမတ်တွေ အနေနဲ့ တာဝန် မကျေပွန်ရင် အရေးယူ နိုင်ကြောင်း သူရ ဦးရွှေမန်းက ပြောကြား သွားခဲ့ ပါတယ်။

ဒါ့ပေမယ့်လည်း ရေးရာ ကော်မတီတွေ အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင် ရာမှာ လုပ်ပိုင်ခွင့် အင်မတန် နည်း တယ်လို့ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

မိသားစု ကိစ္စရပ်တွေ ကြောင့်လည်း အမတ်တွေ အနေနဲ့ လွှတ်တော် က အလုပ်တွေ အတွက် ထိခိုက် မှုတွေ ဖြစ်စေ တယ်လို့ သူက ပြောပါတယ်။

လွှတ်တော် အမတ်တွေ အနေနဲ့ တက်တက် ကြွကြွ ဆောင်ရွက် နိုင်ဖို့ ဆိုရင်၊ နိုင်ငံ တကာမှာလို လိုအပ်တဲ့ ပံ့ပိုး မှုတွေ ပြုလုပ်ပေးဖို့ လိုအပ် ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

ဒေါ်ဒွဲဘူဟာ တိုင်းရင်းသား ရေးရာ လူနေမှု မြှင့်တင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ကော်မတီ အတွင်း ရေးမှူး လည်းဖြစ် သလို၊ ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌ အဖြစ် တာဝန် ယူတဲ့ တရား ဥပဒေ စိုးမိုးရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။




မတ်တွေ အနေနဲ့ တာဝန် မကျေပွန်ရင် အရေးယူ နိုင်ကြောင်း သူရ ဦးရွှေမန်း ပြောကြား

နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

4.Nov_.14_mal.pdf

နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

4.Nov_.14_km.pdf

နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

Union Daily (4-11-2014).pdf

နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် The Street View Vol 3 No 42

The Street View Journal Vol-3,Issue-42.pdf

နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် The Messenger Vol 5 No 23

The Messenger Vol 5 No 23.pdf

နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၃၄)

MyanmarThandawsint Vol-3,No-34.pdf

ခြိမ့်ခြိမ့်သဲဆင်နွှဲ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်

ထင်ရှားလှပသည့် နေရာများ၊ အံ့သြ ဆန်းကြယ်သည့် နေရာများ၊ ထင်ရှားသည့် ပွဲတော်များ ရှိသည့် မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားက စိတ်ဝင်စား ကြသည်။ ကမ္ဘာလှည့် ခရီးသွားများ တကူးတက လာရောက် လေ့လာ ကြည့်ရှုချင် လောက်အောင်လည်း မြန်မာတို့၏ ရိုးရာ ပွဲတော်များက ကမ္ဘာကျော် လှသည်။

မြန်မာတို့၏ ထင်ရှားသည့် ပွဲတော်များတွင် တောင်ကြီးမြို့မှ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်လည်း ပါဝင်ပေသည်။ အဆိုပါ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၁၉၄ဝ ပြည့်နှစ်ကျော် ကာလများ ကတည်းက စတင်ပြုလုပ်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ တန်ဆောင်တိုင်ကာလတွင် မြတ်စွာဘုရားရှင်ကို မီးပုံးပျံများ လွှတ်တင်ကာ ပူဇော်ခြင်းလည်းဖြစ်သည်။ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်ကြသလို ကမ္ဘာလှည့် ခရီးသွားများလည်း စိတ်ဝင်တစား လာရောက်ကြသည်။ လေ့လာစေ့ငုကြသည်။ အံ့သြဘနန်းဖြစ်ကြရသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် နေ့ဘက်၌ လွှတ်တင်သည့် အရုပ်မီးပုံးပျံ၊ ညဘက်တွင် လွှတ်တင်သည့် ညမီးကြီးမီးပုံးနှင့် စိန်နားပန် မီးပုံးဟူ၍ ခွဲခြားထားသည်။ ယခုနှစ်မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၃ဝ ရက်မှစတင်၍ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင်ကျင်းပလျက်ရှိပြီး နိုဝင်ဘာ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ စိန်နား ပန် မီးပုံး ၃၄ လုံး၊ ညမီးကြီးမီးပုံး ၈၄လုံး၊ နေ့လွှတ် အရုပ်မီးပုံး ၁၉၃ လုံးကို လွှတ်တင်သွားမည်ဖြစ်ရာ လာရောက်ကြည့်ရှုသူအားလုံးအားပါးတရ ကြည့်ရှုကြရ မည်ဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သော၊ ဆန်းသစ်သော၊ လှပသော မီးပုံးပျံများကို တောင်ပတ်လည်ဝန်းရံထားသော အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကြည့်ရှုရန် ဖိတ်ခေါ်လိုက်ရပါသည်။




မန္တလေးမြို့တွင်ယခင်နှစ်များထက် အိမ်ငှားခ ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ငှားခများ ယခင်နှစ်များထက် ပိုမိုဈေးမြင့်လာခဲ့ရာ တစ်လလျှင် ထရံကာ၊ သွပ်မိုးကို အနည်းဆုံး ငွေကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲထိ၊ ရိုးရိုးနံကပ်တိုက် ပေ ၂ဝx ၆ဝကို ငွေကျပ်သုံးသိန်း မှ လေးသိန်းထိ၊ RC သုံးထပ်တိုက်တွင် ခြံကျယ်ပါကို တစ်လလျှင် ခြောက်သိန်းမှ ၁၁ သိန်းထိရှိကြောင်း သိရသည်။

ယင်းအပြင် ကားဂိတ်များ၊ ဈေးများ၊ Shopping Center များ၊ ဘူတာများ၊ ကျောင်းများနှင့် မြို့ထဲသို့ အလွယ်သွားနိုင်သော နေရာများနှင့်နီးလျှင် အိမ်ငှားခ ဈေးနှုန်းမှာ ပိုမိုပေးရသည်။

မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း တစ်နှစ်ထက် တစ်နှစ် အိမ်ငှားရမ်းမှုများ ပိုမိုများပြားလာသည်နှင့်အညီ အိမ်၊ ခြံ၊ မြေငှားရမ်းသည့် လုပ်ငန်းရှင်များကလည်း အိမ်ငှားခများကို ပိုမိုဈေးမြင့်လာခဲ့သည်။

မန္တလေးမြို့တွင် လူနေထူထပ်လာများနှင့် လုပ်ငန်းပိုင်ရှင်များသာ မြို့ လယ်ခေါင်နယ်မြေများတွင် နေအိမ် များ ဝယ်ယူငှားရမ်း နေထိုင်နိုင်ကြပြီး ပိုက်ဆံမရှိသူများ၊ အခြေခံလူတန်း စားများနှင့် လက်လုပ်လက်စားများ ကမူ မြို့ထဲတွင် အိမ်များဝယ်ယူငှား ရမ်းနေထိုင်နိုင်ခြင်း မရှိဘဲ မြို့သစ်၊ စက်မှု၊ ထွန်တုံး၊ အောင်ပင်လယ်နှင့် မြို့စွန်မြို့ဖျားတွင်သာ ဝယ်ယူငှားရမ်း နိုင်ကြသည်။





တောင်သူတွေကို ကူညီခဲ့သူ စွဲချက်အသစ်များနဲ့ ရင်ဆိုင်ရ

မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သိမ်းခံတောင်သူတွေကို ကူညီတဲ့အတွက် ဆူပူအောင်လှုံ့ဆောင်မှုနဲ့ ထောင်ချခံထားရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးကို နောက်ထပ်ပုဒ်မတွေနဲ့  မတ္တရာမြို့ နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွါး ဖျက်ဆီးမှုတွေနဲ့ တရားစွဲပြီး ရုံးထုတ်နေတာဖြစ်တယ်လို့  မတ္တရာမြို့နယ်က ကိုကျော်နိုင်က RFA ကိုပြောပါတယ်။

"သပြေသာကျေးရွာကနေမှ စံပြငါးမွေးမြူရေးခြံမှာ ငါးသားပေါက်ကန်တွေ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီကိစ္စကို ၄၄၇ နဲ့နေပြီးတော့ သူတို့က တရားစွဲဆိုထားတာတွေရှိပါတယ်၊ အဲ့ဒီကိစ္စကို သူတို့ပြန်ပြီးတော့ တရားစွဲဆိုတာပါ"

အဲ့ဒီ မတ္တရာမြို့နယ်မှာ သမဝါယမအသင်းက ၁၉၈၆ ခုနှစ်ကစလို့  မြေတွေသိမ်းထားပြီး ၊ အသိမ်းခံ ထားရတဲ့လယ်မြေတွေက ဧက ၆ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီမြေတွေပြန်ရဖို့ ကြိုးပမ်းတဲ့အတွက် ဒေသခံလယ်သမားတွေ တော်တော်များများက ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ (ခ) တွေနဲ့ တရားစွဲခံထားရသလို၊ ပုဒ် ၄၄၇/ ၄၂၇ စတဲ့ ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွါးဖျက်ဆီးမှုတွေနဲ့လည်း တရားစွဲခံထားရပါတယ်။

ကိုအောင်စိုးက အဲဒီလယ်သမားတွေကိုသွားပြီးကူညီပေးခဲ့ တဲ့အတွက် မန္တလေးထောင်မှာ ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံနေရပြီး၊ နောက်ထပ်အမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။




ယာမြေ ဧက ၆၀၀၀ ပြန်ရရေး ကော်မရှင်ထံ တင်ပြမည်

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရ ရှိဖို့ အတွက် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေး ပြောကြား လိုက်ပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တပ်မတော်က အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်ထားတာမရှိဘဲ လယ်ဝင်ထွန်တဲ့ လယ်သမားတွေက တရားစွဲဆိုခံထားရတယ်လို့ တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောပါတယ်။

"အစိုးရကလည်း စီမံကိန်းအတိုင်း လက်တွေ့အကောင်အထည်ဖော်တာလည်းမရှိဘူး၊ တကယ်ဘာမှအသုံးမချတဲ့ တောရိုင်းကြီးဖြစ်နေတဲ့ သူတို့ရဲ့ အရင်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့မြေတွေကို ပြန်ဖော်ပြီးတော့မှလုပ်ကြတာ၊ အဲ့ဒါကို သူတို့က ထွန်တုံးတိုက်ပွဲလုပ်တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့မှ တရားစွဲထားတယ်၊ လောလောဆယ်တော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ လယ်ယာခန့်ခွဲမှုကော်မတီအနေနဲ့ ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ အကြံဥာဏ်ပြုပါတယ်"

အဲဒီ့ယာမြေတွေ ပြန်လည်ရရှိဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ဖြေရှင်းပေးတာမရှိဘူးလို့ ဒေါ်ခင်သန္တာနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပေါင်လောင်းကြီးကျေးရွာက ဧက ၂ဝ ကျော်သိမ်းဆည်းခံထားရသူ့ လယ်သမား ဦးစန်းလင်းက ပြောပါတယ်။

"သူတို့ တင်ပြတောင်းဆိုခဲ့တာ စာကအကြိမ်ကြိမ်ရှိပါပြီ၊ ကျနော်တို့ဆီမှာ မြို့နယ်မှူးအတိုင်းအတာကနေမှ ခေါ်ပြီးတော့ စခန်းတာဝန်ခံနဲ့ ကျနော်တို့ လယ်သမားခေါင်းဆောင်တွေ ခေါ်တွေ့ပြီးတော့ ဆွေးနွေးတယ်၊ ဆွေးနွေးပေမယ့်လို့ ကျနော်တို့ဆီမှာ အကြောင်းထူးခြားမှု ဘာမှတစုံတရာရှိမလာခဲ့ပါဘူး"

လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်က တောင်တော်၊ ပေါင်လောင်ကြီး၊ လွန်ကျော်၊ ထားဝယ်အင်း၊ ပေတောစတဲ့ ကျေးရွာ ၆ ရွာက ယာမြေဧက ၆ ထောင်ကျော်ကို လွန်ကျော်ဝါ စိုက်ပျိုးရေးခြံ စီမံကိန်းအတွက်ဆိုပြီး ပင်မခဲယမ်းမီးကျောက်တပ်က နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

အဲဒီယာမြေတွေထဲက ယာမြေဧက ၄ ထောင်ကျော်ကို ၂ဝဝ၅ ခုနှစ်မှာ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ထံ လွှဲပြောင်းပေးခဲ့ပြီး သီးစားချထားခဲ့တယ်လို့လည်း သိရပါတယ်။

မြစ်သားမြို့နယ် ထားဝယ်အင်းကျေးရွာက လယ်သမား ၁၀ ဦးကျော်လောက် အဲဒီယာမြေတွေမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ၀င်ရောက်ထွန်ယက်ခဲ့တဲအတွက် ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပါတယ်။




၂၀၁၅ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး နိုင်ငံသား စိစစ်မယ်

ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံသား စိစစ်ရေးကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီမံချက်တွေ ရေးဆွဲနေပါတယ်။

ဒီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ရခိုင်ပြည်နယ်ကို ရောက်လာစဉ် ညွှန်ကြား ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း မွတ်ဆလင်တွေ အပေါ် နိုင်ငံသား စိစစ်မှု ပြုလုပ်ဖို့ စီမံချက်တွေကို စတင် ရေးဆွဲနေပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ အဖွဲ့တွေ ဖွဲ့၊ သင်တန်း ပေးဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

အခု ရေးဆွဲနေတဲ့ စီမံချက်ကို ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနကို ဆက်လက် တင်ပြမယ်လို့ လည်း သူက ပြောပါတယ်။

အခုချိန်ထိ မြေပုံမြို့နယ် တစ်ခုတည်း ကိုသာ မွတ်ဆလင်တွေကို နိုင်ငံသား စစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး လူပေါင်း ၃၈၃ ဦးကို နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။

နိုင်ငံသား စိစစ်မူကို မြေပုံမှာ စမ်းသပ် အစီအစဉ် အရ လုပ်ဆောင်နေပြီး မွတ်ဆလင် အများစု နေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ နေထိုင်သူတွေကို အခုအချိန်ထိ တစ်စုံ တစ်ရာ စတင် စိစစ်နိုင်ခြင်း မရှိသေး သလို နိုင်ငံသား စိစစ်ပေးဖို့ တင်ပြထားတဲ့ ဘင်္ဂါလီ လည်း တစ်ယောက်မှ မရှိသေးဘူးလို့လည်း ဦးခင်စိုးက ပြောပါတယ်။

စစ်ဆေးတဲ့ အခါမှာလည်း ဘင်္ဂါလီ လူမျိုး အနေနဲ့ လျှောက်ထား သူတွေကိုသာ စစ်ဆေးပေးမှာ ဖြစ်ပြီး ရိုဟင်ဂျာလို့ ဆိုသူတွေကိုတော့ စစ်ဆေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

စီမံချက် ရေးဆွဲနေတုန်း ဖြစ်တဲ့ အတွက် နိုင်ငံသား အဖြစ် အသိအမှတ်ပြု မခံရ သူတွေရဲ့ ကံကြမ္မာကိုတော့ ထုတ်ဖေါ် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။




ရိုဟင်ဂျာ ဆိုရင် နိုင်ငံသား စိစစ်မှု လုပ်မှာ မဟုတ်

နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်

၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။

၂။ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသားဖော်ပြခဲ့သည့်အတွက် ပြန်လည်တောင်းပန်စာကို မြန်မာသံတော်ဆင့်ဂျာနယ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် (၂)ကြိမ်ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ညှိနှိုင်းခဲ့ပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက ဂျာနယ်နှင့် ဆွေးနွေးပြီး ဂျာနယ်က တောင်းပန်စာကိုတစ်ကြိမ်သာ ထည့်သွင်းပေးမည်ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာမူကြမ်းကို ပူးတွဲ၍ ပေးပို့ခဲ့ပါသည်။ အဆိုပါ ပေးပို့လာသည့် တောင်းပန်စာဖော်ပြပေးမည့်အကြိမ်အရေအတွက်နှင့် တောင်းပန်စာတွင် ဖော်ပြပေးမည့်အရေးအသားများသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေပြီး အကြည်ညိုပျက်စေသည့် ရေးသားချက်များနှင့်နှိုင်းယှဉ်ပါက ထိရောက်လုံလောက်စွာ ချေဖျက်ပေးနိုင် ခြင်းမရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက်ပုတ်ခတ်ရာ ရောက်သည့် စာသားများပါဝင်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့်ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
The Mirror Daily



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်

ကာကွယ်ရေး ဦးစီးချူပ် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး အဖွဲ့ ဟာ အရှေ့ဥရောပ နိုင်ငံ ဖြစ်တဲ့ ဘေလာရုစ် ကို ရောက်နေပါတယ်။ ဘေလာရုစ် စစ်တပ် အကြီးအကဲ ရဲ့ ဖိတ်ခေါ်မှု မဟုတ်ပဲ၊ ဘေလာရုစ် ဝန်ကြီးချူပ် မီခေးလ် မစ်နင်ကော့ဗစ်ခ်ျ ရဲ့ ဖိတ်ခေါ်ချက် နဲ့ သွားတာပါ။

ဘေလာရုစ် မြို့တော် မင့်စ်ခ် မှာ၊ ကာချူပ် ဦးဆောင်လာတဲ့ မြန်မာ စစ်တပ်ရဲ့ ချစ်ကြည်ရေး အဖွဲ့ဟာ၊ Stalin Line လို့ ခေါ်တဲ့ သမိုင်းဝင် နေရာ အပါအဝင်၊ စစ်သမိုင်းပြတိုက် အစရှိတဲ့ နေရာတွေကို ခရီးစဉ် အစဦး မှာ သွားခဲ့ ပါတယ်။

Stalin Line ဆိုတာကတော့ ဆိုဗီယက်ခေတ်က၊ အနောက် အုပ်စု ကျူးကျော်မှု တွေကို ကာကွယ်နိုင်ဖို့ ဆိုပြီး၊ ဆိုဗီယက်ပြည်ထောက်စု အနောက်ဘက်တလျှောက် တည်ဆောက် ထားခဲ့တဲ့၊ ခံစစ်ကြောင်း အရှည်ကြီး ဖြစ်ပါတယ်။

ဒီခရီးစဉ် မစခင် မြန်မာ စစ်ဘက် မီဒီယာတွေရဲ့ အဆိုအရ၊ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အခု ခရီးစဉ်ကနေ၊ နှစ် နိုင်ငံကြား စစ်တပ်တွေရဲ့ ဆက်ဆံရေး တွေ တိုးမြှင့်ဖို့၊ ယဉ်ကျေးမှုတွေ ဖလှယ်ဖို့ ဆိုပြီး၊ ဖော်ပြ ခဲ့ ပါတယ်။

ဒီခရီးစဉ်ရဲ့ ထူးခြားချက် တစ်ခုက၊ ကာကွယ်ရေး ဦးစီးချူပ် တစ်ယောက်ကို၊ စစ်တပ် အကြီးအကဲခြင်း က မဟုတ်ပဲ၊ အစိုးရ ဝန်ကြီးချူပ် တစ်ယောက်က ဖိတ်ခေါ်ခဲ့တာ ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် အကြီးအကဲဟာ နိုင်ငံရေး သံတမန်ရေး တာဝန်တွေများ ပူးတွဲ ထမ်းဆောင် နေခြင်း နဲ့ ပတ်သက်နေပြီ လားလို့ သုံးသပ် လို့ ရအောင် စစ်သံမှုးဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်မှုး အောင်လင်းထွဋ် ကို မေးကြည့်ရာ မှာတော့ အကယ်၍သာ ကာကွယ်ရေး ဦးစီးချူပ် ကို သမ္မတ ရာထူးပေးဖို့ ရည်ရွယ်ချက် ရှိခဲ့ရင် နိုင်ငံတကာ ဆက်ဆံရေး၊ ဆက်သွယ်ရေး တွေ ကျင့်သားရအောင် ပြည်ပစေလွှတ်တဲ့ သဘော ရှိပုံ ပြောပါတယ်။

မြန်မာ စစ်တပ်ရဲ့ သမိုင်းမှာ ကာကွယ်ရေး ဦးစီးချူပ် တွေဟာ၊ စစ် ရာထူးကနေ အနားယူရင် နိုင်ငံရေးထဲ ပါလာကြတဲ့ သာဓက တွေ ရှိတယ်လို့လည်း ဗိုလ်မှုး အောင်လင်းထွဋ် က ဆိုပါတယ်။ ဒါ့အပြင် မြန်မာ စစ်တပ် အနေနဲ့၊ အမေရိကန်နဲ့ရော တရုတ်ရော တို့နဲ့ သာမက၊ နိုင်ငံရေး စစ်ရေး မဟာမိတ်တွေ၊ ထားရှိဖို့ လိုတယ်လို့ ယူဆနေပုံ ရတဲ့ အကြောင်း၊ ဗိုလ်မှုး အောင်လင်းထွဋ် က သုံးသပ် သွားတာပါ။

မနေ့က ဘေလာရုစ် ဝန်ကြီးချူပ် မစ်နင်ကော့ဗစ်ခ်ျ နဲ့ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံမှု အကြို၊ ဘေလာရုစ်ဘက်က ဝန်ကြီးချူပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ၊ အခုလို နှစ်ဘက် တွေ့ဆုံတဲ့အခါ၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မြှင့်တင်ဖို့၊ သူတို့ နိုင်ငံလုပ် အရပ်သုံး စက်ပစ္စည်းတွေကို မြန်မာကို အငှားချဖို့၊ ဒါမှ မဟုတ် လက်ငင်းပေးစရာ မလိုပဲ ရောင်းချဖို့ တွေ ကို ဆွေးနွေး သွားမယ်လို့ ဆိုထား ပါတယ်။ လာမယ့် လတွေထဲမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ တွေ့ဆုံမှု တွေ နှစ် နိုင်ငံကြား မှန်မှန် ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ လည်း ဆိုထားပါတယ်။




ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဘေလာရုစ်ခရီး

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Belarus ရောက်

မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တနင်္လာနေ့က ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ လာပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်း ခတ္တရပ်နားခဲ့တဲ့ ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ရုရှား စစ်ဘက်အရာရှိတွေနဲ့ တွေဆုံပြီး နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတာပါ။ အနောက်အုပ်စုနိုင်ငံ တွေထဲမှာ အထူးသဖြင့် အမေရိကန်နဲ့ သဘောထားတင်းမာနေတဲ့ ဘယ်လာရုစ်နိုင်ငံကို သွားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ နိုင်ငံတကာဆက်ဆံရေး ချိန်ခွင်လျှာညှိတဲ့ သဘောမျိုး သက်ရောက် နေတယ်လို့ မြန်မာ့စစ်ရေး ကျွမ်းကျင်သူ တဦးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံ ၀န်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်တာပါ။ ဒီခရီးစဉ်မှာ စစ်ရေးအရ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ဆွေးနွေးဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာဖို့ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။ ဘယ်လာရုစ်နိုင်ငံမရောက်ခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ခတ္တခဏရပ်နားခဲ့ပြီး ရုရှားစစ်ဘက် အရာရှိတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်မှာ စစ်ရေး၊ နိုင်ငံရေးအရပါဝင်တာတွေ့ရတာကြောင့် နိုင်ငံအကြီးအကဲတာဝန်ကိုလွှဲပြောင်းယူဖို့ အလားအလာရှိတဲ့ စစ်တပ်က ခေါင်းဆောင်တွေ လုပ်လေ့လုပ်ထရှိတဲ့ ပြည်ပခရီးစဉ်မျိုးဖြစ်တယ်လို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခု ရက်ပိုင်းလပိုင်းတွေအတွင်းမှာ နိုင်ငံခြားခရီးတွေကို တော်တော်များများ သွားပါတယ်။ ကျနော်တို့တပ်မတော် မှာတော့ နိုင်ငံ့ခေါင်းဆောင်တင်ဖို့ အချိန် နီးတဲ့အချိန်အခါမျိုးမှာ လူကြီးလုပ်တဲ့လူတွေက၊ ခေါင်းဆောင်ပေါ့လေ- ဗိုလ်ချုပ်ကြီးလို ဟာမျိုးကို နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုများအောင်ဆိုပြီးတော့ နိုင်ငံတကာကို တော်တော်များများလွှတ်တာတွေတော့ ရှိပါတယ်။ ကျနော့အမြင်ပြော ရရင်တော့ တကယ်လို့များ ဗမာပြည်မှာ အခုအတိုင်းပဲပေါ့လေ၊ နိုင်ငံရေးအပြောင်းအလဲတွေ မရှိဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောင်းဘူးဆိုရင်တော့ နောင်သမ္မတအတွက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုများ မျှော်မှန်းထားသလားဆိုတဲ့အမြင်မျိုး ကျနော် စဉ်းစားမိပါတယ်ခင်ဗျ။”

စစ်ရေးအရကြည့်ရင် မြောက်ကိုးရီးယားနဲ့ စစ်ရေးဆက်ဆံမှု ရပ်ဆိုင်းထားချိန်၊  တဖက်မှာလည်း တရုတ်နဲ့ဆက်ဆံရေးက အရင်လောက် နီးနီးကပ်ကပ် မရှိတာကြောင့် စစ်ရေး နိုင်ငံရေးအရချိန်ထိုးပြီး သွားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“တရုတ်နဲ့ဆက်ဆံရေးက ကျနော်သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တရားဝင်ခရီးစဉ်အနေနဲ့ တရုတ်ပြည်ကို မကြာခင်မှာပေါ့လေ-ရှေ့လလောက်မှာ သွားလည်မယ်လို့ သိရပါတယ်။ တရုတ်နဲ့ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးပိုင်းမှာလည်း ဗမာလက်ရှိအစိုးရက အရင်စစ်အစိုးရလောက် သိပ်ရင်းရင်းနှီးနှီးဆက်ဆံမှုကို မဝံ့မရဲဖြစ်သလို တရုတ်ဘက်ကလည်း အခု လက်ရှိဖြစ်နေတဲ့ မြစ်ဆုံဆည်ကိစ္စတွေ၊ ဝမ်ပေါင်ကိစ္စတွေအပေါ်မှာမူတည်ပြီးတော့မှ လက်ရှိ ဗမာအစိုးရကိုဆက်ဆံတဲ့အပိုင်းဟာ နည်းနည်းလေး ကျဲလာတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့်မို့ အခု ဘဲလားရုစ် ကိုသွားတာက ဘဲလားရုစ်သည် အမေရိကန်နဲ့ မတည့်တဲ့ နိုင်ငံလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ရုရှားရဲ့နိုင်ငံလို့ပဲ ကျနော်တို့ သုံးသပ်လို့ရတယ်။ ရုရှားနဲ့ဗမာစစ်တပ်နဲ့က စစ်အစိုးရခေတ်တလျှောက်လုံးပေါ့လေ၊ အဏုမြူစီမံကိန်းတွေအပါအဝင် အကုန်လုံးမှာ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ စစ်ရေးကော၊ နိုင်ငံရေးအပိုင်းရော ချိန်ထိုးပြီးမှ သွားတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

 ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို ပြန်ပြီးချိန်ခွင်လျှာညှိတဲ့ သဘောလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

“သူတို့ထင်သလို ဗမာအစိုးရဖြစ်လာတဲ့အခါမှာ အမေရိကန်အစိုးရပိုင်းအနေနဲ့လည်း နောက်ပြန်ဆုတ်ရမယ့် အနေအထားမျိုးဖြစ်လာတဲ့အခါမှာ တစ် တရားခံဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးအောင်သောင်း နာမည်ကြီးမှ- ကျနော်တို့ခေတ်ကတည်းက သူ့ကို nickname အနေနဲ့ ပုဏ္ဏားလို့ ကျနော်တို့ ပေးထားတာပါ။ အခု ပြောသလိုပဲ၊ ဒီပဲယင်းကိစ္စအပါအဝင် ကျန်တဲ့ကိစ္စတွေ အများကြီးမှာ၊ သံဃာ့အရေးအခင်းလည်းပါတယ်ဗျ၊ အဲဒီအချိန်မှာ ဦးအောင်သောင်းရဲ့လက်ချက် မကင်းပါဘူး။ ဦးအောင်သောင်းက အားလုံးသိတဲ့အတိုင်းပါပဲ၊ သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တကယ့် လက်ကတုံးတောင်ဝှေး ဖြစ်ပါတယ်။ အဲဒီတော့ ဦးအောင်သောင်းကို အမေရိကန်အစိုးရက လုပ်လိုက်တာသည် ဗမာအစိုးရ လက်ရှိ စစ်အစိုးရပဲ ပြောရမှာပေါ့ဗျာ၊ စစ်တပ် မျက်နှာဖုံးချွတ်ထားတာတွေပဲ၊ ဒီအပေါ်မှာ အားလုံးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ကလည်း ပြန်ပြတဲ့အနေနဲ့ ရုရှားနဲ့ တို့လည်း ထိတွေ့လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကလည်း သွယ်ဝိုက်သောနည်းအားဖြင့်တော့ သက်ဆိုင်နေတယ်လို့ မြင်ပါတယ်။”

၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ဘယ်လာရုစ်ဝန်ကြီးချုပ် Mikhail Myasnikovich (မီးခေးလ်မြန်နီကိုဗစ်ဂ်ျ) ဟာ မြန်မာနိုင်ငံကို ပထမအကြိမ်ရောက်ခဲ့ပြီး ပညာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ဧပြီလမှာ ၀န်ကြီးချုပ် မြန်နီကိုဗစ်ဂ်ျဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ်သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ပူးတွဲပြီး ရေနံ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖေါ်မှု အလားအလာတွေကိုလည်း လေ့လာခဲ့ပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာ့စွမ်းအင်ဝန်ကြီးကလည်း သဘာဝဓာတ်ငွေ့ တူးဖေါ်လေ့လာဖို့ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၂၀၁၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာ ၂၇ သန်းကျော်ထိ တိုးမြှင့်ခဲ့တာပါ။ အထူးသဖြင့် Multi Purpose Vehicle လို့ခေါ်တဲ့ မော်တော်ယာဉ်တွေကို ဘယ်လာရုစ်ကနေ မြန်မာနိုင်ငံကို တင်သွင်းနေတာပါရှင်။




Friday 31 October 2014

တောင်ကြီးတွင် ဟိုတယ်ခန်း ဈေးနှုန်း နှစ်ဆကျော်မြင့်

 တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလမ
တိုင်မီ တစ်ပတ်အလိုမှစ၍ ဟိုတယ်၊ မိုတယ်၊
တည်းခိုခန်းခများ ယခင်နှုန်းထားထက် နှစ်
ဆကျော် မြင့်တက်သွားသည်ဟုအလည်
အပတ်ရောက်ရှိနေသူများနှင့် ဟိုတယ်လုပ်ငန်း
 ရှင်အချို့က အတည်ပြုသည်။




ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကမူ ဈေးနှုန်းထိန်းချုပ်ရန် အစီအစဉ် မရှိဘဲ ဈေးကွက်သဘောအရ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည်ဟု အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ် လုပ်ငန်းရှင် ဦးအောင်ကျော်က “ကျွန်တော်တို့ ဟိုတယ်အနေနဲ့ နဂိုမူရင်း ဈေးထက် ၂၀ ရာခိုင်နှုန်းပဲ တင်ထားတယ်၊ တချို့ ဟိုတယ်တွေဆို သိန်းနဲ့ချီ တင်တာရှိတယ်”ဟု ပြောသည်။

ယခင်တည်းခိုနှုန်းထား ကျပ်တစ်သောင်းခန့်ရှိ အခန်းခသည် ယခုအခါ ကျပ်သုံးသောင်းခွဲ ပေးဆောင်ရပြီး ငါးသောင်းတန် အခန်းခနှုန်းသည် တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့် တက်နေသည်ဟု တောင်ကြီးဒေသ ခံ ကိုဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ကြီး အလုံး ၂၀ နှင့် တည်းခိုခန်း ၃၁ လုံး ရှိနေပြီး ယမန်နှစ်ပွဲတော်ကာလ အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်သိန်းကျော် လာရောက်သည်ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားဝန်ကြီးဌာန မှတ်တမ်းများက ဆိုသည်။

၂၀၁၄ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ အဝေရာကွင်းအတွင်း ကျင်းပမည် ဖြစ်သည်။



တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်အများအပြားတည်ရှိရာ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်နေရာကို အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်။

မြန်မာနှစ်ယောက်ကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

Thai PM vows to conduct second DNA
 test on Burmese 'scapegoats' accused
 of killing British backpackers in bid to
 quell criticism of bungled police probe
ကပျက်ကချော်ဖြစ်ခဲ့တဲ့ ထိုင်းရဲတွေရဲ့သက်သေတွေနဲ့ ဝေဖန်ခံနေရမှုတွေကိုခြေဖျက်ဖို့ အင်္ဂလိပ်နှစ်ယောက်
သတ်ဖြတ်မှုမှာ မတရားစွပ်စွဲခံနေရတဲ့ မြန်မာနှစ်ယောက်ကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

A second DNA test will be conducted on two Burmese men accused of killing a pair of British tourists in Thailand amid fears the suspects may have been framed, the Thai premier said today.
ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရသော ဗြိတိသျှစုံတွဲအမှုမှာ စွပ်စွဲခံနေရသော မြန်မာယောက်ျားလေးနှစ်ဦးကို အပြစ်မရှိပဲကလိဥာဏ်ဆင်ဖမ်း ဆီးခံထားရခြင်းဖြစ် သည်ဟု စိုးရိမ်မှုများထွက်ပေါ်နေချိန်အတွင်းမှာ ၄င်းတို့နှစ်ဦးကို မျိုးဗီဇ(DNA) စစ်ဆေးမှု ဒုတိယအကြိမ်(အမှန်က တတိယအကြိမ်ပါ)ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ်က ယနေ့ပြောဆိုလိုက်ပါသည်။










Zaw Lin and Win Zaw Tun were charged with the murder of David Miller, 24, and the rape and murder of Hannah Witheridge, 23.
မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့နှစ်ဦးစလုံးဟာ ဒေးဗစ်မီလာ(အသက် ၂၄နှစ်)ကိုသတ်မှုနဲ့ ဟာနာဝစ်ထရစ်ခ်ျ(အသက် ၂၃နှစ်)ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု တို့ဖြင့် အရေးယူခြင်းခံထားရတာပါ။

The pair's battered bodies were found on the southern island of Koh Tao on September 15.
ဒဏ်ရာဗရဗွနှင့်သေဆုံးနေသော ၄င်းတို့ရုပ်အလောင်းများကို ထိုင်းတောင်ပိုင်း လိပ်ကျွန်း(ကော့တောင်) မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကတွေ့ရှိခဲ့ကြပါတယ်။


Thai police claimed a breakthrough in their investigation of the double murder when they said DNA from the accused migrant workers matched samples taken from the body of one of the victims.
ထိုင်းရဲတွေကတော့ သူတို့အနေနဲ့ခက်ခက်ခဲခဲ သေချာစုံစမ်းဖေါ်ထုတ်ထားကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး စွပ်စွဲခံရွှေ့ပြောင်းလုပ်သား နှစ်ယောက်ရဲ့ DNA ဟာ သေဆုံးသူတစ်ဦးဆီကရတဲ့ နမူနာနဲ့တူကြောင်းပြော ဆိုခဲ့ပါတယ်၊

Were they framed?
သူတို့ဟာ တရားခံမဟုတ်ပဲ ချောက်ချခံခဲ့ကြရတာလား?

Burmese migrants Zaw Lin and Win Zaw TunThai participate in a crime re-enactment of the murders of two British tourists in Koh Tao, but later recanted their confessions.
မြန်မာလုပ်သားနှစ်ဦးဟာ မှုခင်းပြန်လည်သရုပ်ပြမှုမှာ ပါဝင်ခဲ့သော်လည်း သူတို့ဝန်ခံချက်ကို ပြန်လည်ရုပ် သိမ်းခဲ့ကြပါတယ်၊

Thai;and's premier has now ordered a second DNA test on the men amid criticism of the police investigation
ထိုင်းဝန်ကြီးချုပ်က ထိုင်းရဲတွေရဲ့စုံစမ်းစစ်ဆေးမှုတွေကို ဝေဖန်မှုတွေရှိနေတဲ့အချိန်မှာ စွပ်စွဲခံနှစ်ဦးကို DNA ဖြစ်စစ်ဖို့အမိန့်ပေးခဲ့တယ်၊





They said both men had also confessed and forced them to re-enact the killings in bizarre scenes before the world's media.
သူတို့ပြောတာက နှစ်ယောက်လုံးအမှုကိုဝန်ခံခဲ့ပြီး ကမ္ဘာ့မီဒီယာတွေမလာခင် မှုခင်းပြန်လည်သရုပ်ပြဖို့ဖိအားပေးခဲ့ကြတယ်



But last week the men, both in their 20s, retracted their confessions alleging they were obtained under duress.
ဒါပေမဲ့ အသက် ၂၀ ခန့်ရှိသူတို့နှစ်ယောက်စလုံးက အတင်းအကြပ်နှိပ်စက်ဝန်ခံခိုင်းလို့ ၀န်ခံခဲ့ရတာပါ ဟုပြောဆိုတာ ၀န်ခံချက်ကိုပြန်လည်ရုတ်သိမ်းခဲ့ကြပါတယ်၊

Criticism of the police handling of the case has swirled both in Thailand and overseas.
ရဲတွေရဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံတွေဟာ ရှေ့နောက်မညီ၊ အချိတ်အဆက်မရှိ၊ ပြည့်စုံမှုမရှိဟု ထိုင်းမှာရော ပြည်ပမှာပါ ဝေဖန်ခံနေရပါတယ်။

'We will allow suspects to take another DNA test,' Prime Minister Prayut Chan-O-Cha told reporters after a weekly cabinet meeting.
အပတ်စဉ်ပြုလုပ်နေတဲ့ ကက်ဘီနက်(၀န်ကြီးများအစည်းအဝေး)အပြီး သတင်းသမားတွေနဲ့တွေ့ဆုံရာမှာ ထိုင်းဝန်ကြီးချုပ်ပရာယုအိုချာက သူတို့အနေနဲ့ စွပ်စွဲခံတွေကို DNA ထပ်စစ်ဖို့ခွင့်ပြုမည်ဖြစ်ကြောင်း
ပြောခဲ့တာပါ၊





'If they think that the previous tests were unfair we will conduct a second test.'
သူက "သူတို့အနေနဲ့ ပထမစစ်ဆေးမှုဟာ တရားမမျှတဘူးထင်ရင် ထပ်စစ်ပေးပါမယ်" ဟုပြောခဲ့ပါတယ်၊


It was not immediately clear if the accused had requested a second DNA test.
အဲဒီလိုစစ်ဖို့ကို စွပ်စွဲခံဘက်ကတောင်းဆိုခဲ့သလားဆိုတာတော့ မသေချာသေးပါ၊


Relatives of the two Burmese suspects meet with lawyer as they campaign for their release after the pair recanted their confessions, saying they were made under duress
စွပ်စွဲခံနှစ်ဦးရဲ့ မိဘဆွေမျိုးတွေက ထိုင်းရှေ့နေများကောင်စီရုံးချုပ်တွင် ရှေ့နေများနှင့်တွေ ဆုံကာ စွပ်စွဲခံများ ဟာ အတင်းအကြပ်ဝန်ခံအောင်အလုပ်ခံရကြောင်းနဲ့ ၀န်ခံချက် ကိုပြန်လည်ရုတ်သိမ်းပြီးဖြစ်ကြောင်းပြော ဆိုကာ သူတို့လွတ်မြောက်အောင်ဆောင် ရွက်ပေး ဖို့တောင်းဆိုခဲ့ကြပါတယ်။


Thai authorities have strongly denied using the pair as scapegoats, insisting the case is built on solid evidence showing the DNA of the accused from initial tests matches samples taken from Witheridge's body.
ထိုင်းအာဏာပိုင်တွေဘက်ကတော့ အပြစ်မရှိပဲတရားခံအစားထိုး မတရားဖမ်းဆီးခဲ့သည်ဟုပြော ဆိုနေကြခြင်းကို အပြင်းအထန်ငြင်းဆိုခဲ့ပြီး ဒီအန်အေစစ်ဆေးမှုတူညီမှုမျိုးလို ခိုင်မာတဲ့သက်သေတွေနဲ့ အမှုကိုတည်ဆောက်ခဲ့ကြတာဖြစ်ကြောင်း ငြင်းဆိုဖြေရှင်းခဲ့ပါတယ်၊


British police have been allowed to observe the investigation after the UK expressed concerns and offered to help with the probe.
ဗြိတိန်ကအမှုစစ်ဆေးမှုအပေါ်မှာစိုးရိမ်မှုကိုဖေါ်ပြခဲ့ပြီး ကူညီဖို့ကမ်းလှန်းခဲ့ပြီးနောက်မှာ ဗြိတိသျှရဲတွေ ကိုလည်း အမှုစုံစမ်းစစ်ဆေးမှုကိုလေ့လာခွင့်ပြုခဲ့ပါတယ်၊


Before the murders, Thailand was already struggling to restore its tarnished image as a tourist haven after a May coup saw martial law imposed across the country.
ဒီအမှုမဖြစ်ခင်ကတည်းက ထိုင်းနိုင်ငံဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ နိုင်ငံလုံးစစ်အုပ်ချုပ်ရေးကျင့်သုံး မှုကြောင်း ခရီးသွားလုပ်ငန်းပုံရိပ်ကိုပြန်မြှင့်တင်ဖို့ ရုန်းကန်နေကြရတာဖြစ်ပါတယ်၊



The murders have dented tourism, which accounts for nearly 10 per cent of gross domestic product, at a time when Thailand is still under martial law after a May military coup that had already kept some tourists away.
စစ်အုပ်ချုပ်ရေးကြောင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တချို့နိုင်ငံခြားခရီးသွား များ ထိုင်းနိုင်ငံ ကိုရှောင်နေ
ကြချိန်မှာ ထိုင်းနိုင်ငံကအကြမ်းဖက်မှုတွေဟာ ခရီးသွားလုပ်ငန်း ကို ထိခိုက်စေပြီး တိုင်းပြည်ထုတ်ကုန်ကို ၁၀ ရာခိုင်နှုန်းလျော့ကျစေခဲ့ပါတယ်
---

ဗြိတန်အခြေစိုက် dailymail သတင်းတစ်ခုကို Ko Zaw မှ ဘာသာပြန်ဆိုသည်။

ရှေးဟောင်းအမွေအနှစ်များပျက်စီးမည်ဆိုပါက မြောက်ဦးမြို့တော်ခန်းမတည်ဆောက်ခြင်းကိုကန့်ကွက်မည်

ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) ခုထဲတွင် တစ်ခု
အပါအ၀င် ဖြစ်သော မြောက်ဦးတွင်
တည်ဆောက်မည့် မြို့တော် ခန်းမကြောင့်
 ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များပျက်
စီးမည်ဆိုပါက ကန့်ကွက်သွားမည်ဟု ရခိုင်


လူမှု ကွန်ရက်(မြောက်ဦး)က ကြေညာချက် ထုတ်ပြန်သည်။

ယင်းကြေညာချက်အား အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ် များကို တစ်စုံတရာ ထိခိုက် ပျက်စီးစေမည်ဆိုပါ မြို့ခံများနှင့်အတူ ကန့်ကွက်သွားမည်ဟုဖေါ်ပြသည်။

မြောက်ဦးမြို့၌ အခမ်းအနားများ၊ လူထုအစည်းအဝေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ သပ်သပ်ရပ်ရပ် ကျင်းပနိုင်ရန် အတွက် မြို့တော်ခန်းမတစ်ခုလိုအပ်နေသော်လည်းယင်းခန်းမကြောင့် ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ မပျက်စေလိုဟု  ကြေညာချက်တွင် ဖော်ပြသည်။

“တကယ်လို့သာ ဒီခန်းမတည်ဆောက်မယ့်မြေနေရာဟာ ရခိုင်ဘုရင်တွေ၊ မင်းညီမင်းသားတွေရဲ့ သင်္ချိုင်းမြေနေရာဖြစ်တယ်ဆိုရင်
မြို့ခံလူထုတွေရဲ့သဘောထားကိုကောက်ခံသွားမယ်။ အဲဒီကောက်ခံရရှိတဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လုပ်သင့်တာကို ဆက်လုပ်သွားဆောင်သွားပါ့မယ်”ဟု ရခိုင် လူမှုကွန်ရက် (မြောက်ဦး) မှ ကိုအောင်စိုးမြင့်က ပြောသည်။

ယင်းနေရာတွင်မြို့တော်ခန်းမတည်ဆောက်လိုက်ခြင်းဖြင့် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်းတွင် ထည့်သွင်းရန်  သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဘဲ ဖြစ်သွားခြင်း (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ကပြဌာန်းထားသော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေပါပြဌာန်းချက်များနှင့် ငြိစွန်းနေ မည်ဆိုပါက ထိုခန်းမတည်ဆောက်ရေးအား ကန့်ကွက် သွားမည် ဖြစ်ကြောင်းလည်း ရခိုင်လူမှုကွန်ရက် (မြောက်ဦး)၏ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo (ဓါတ်ပုံ) ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ အခုဆောက်မယ့် ဒီအဆောက်အဦးကြီးက ပါမသွားဘူး ဆိုရင်တော့ ပြသနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြသနာ မရှိနိုင်ပါဘူး”ဟု ပြောသည်။

ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက်ဈေးရပ် ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့်
အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ ရုပ်အလောင်း များကိုမြှုပ်နှံသည့်သင်္ချိုင်းမြေနေရာဖြစ် သည်ဟုဆိုကာ မြို့ခံအချို့က ယခုကဲ့သို့ ကန့်ကွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍
ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ယခုကဲ့သို့ မြို့တော်ခန်းမ တစ်ခု တည်ဆောက်ရန် သက်ဆိုင်ရာမှ စီစဉ် ပြင်ဆင်ခြင်း ဖြစ်သည်။

ထိုမြေနေရာသည် ရခိုင်မင်းညီမင်းသားများ၏ သင်္ချိုင်းမြေနေရာဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ပြောဆို ကန့်ကွက်ထားကြသည့် အတွက် လက်ရှိတွင် ခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ရပ်နားထားသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။ မြောက်ဦးမြို့တော်ခန်းမတည်ဆောက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘတ်ဂျတ်သိန်း ၂ဝဝဝ အကုန်အကျ ခံထားကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ပြောဆိုထားချက်အရ သိရသည်။

မြောက်ဦးမြို့သည် အေဒီ ၁၄၃၀ မှ ၁၇၈၄ ခုနှစ်ထိ ထွန်းကားခဲ့သော ရခိုင်ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် သဘောတူ

နေပြည်တော် သမ္မတအိမ်တော်တွင်
 ပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်
များဆွေးနွေးပွဲတွင် အခြေခံဥပဒေပြင်
ဆင်ရေးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ

လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးပြဿနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။


ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်၍ နည်းလမ်းကောင်းများရှာဖွေနိုင်ရန် ဆက်လက်တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆွေးနွေးပွဲအပြီး လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ သို့သော် ဆွေးနွေးပွဲမှကြေညာချက် ထုတ်ပြန်ခြင်းမရှိပေ။

ဆွေးနွေးပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ဆောင်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့။ ၂၀၁၅ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်မယ်လို့မျှော်လင့်တယ်။ အားလုံးလည်း ဒီလိုပဲ ဆန္ဒရှိတယ်။

ဒီလိုတွေ့ဆုံမှုမျိုးတွေဆက်ဖြစ်ဖို့ သမ္မတကကြိုးစားမယ်လို့ ပြောတယ်’’ဟု ဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)ကိုယ်စားပြုတက်ရောက်ခဲ့သော ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် သဘောထားမတိုက်ဆိုင်မှုအချို့ရှိသော်လည်း မိမိသည် တပ်မတော်ကိုချစ်ခင်ကြောင်းပြောခဲ့သည်ဟုလည်း ဦးရဲထွဋ်က ပြောသည်။

ဆွေးနွေးပွဲမစမီ သမ္မတက အမျိုးသားနိုင်ငံရေးအင်အားစု များအားလုံးပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သမ္မတက ၂၀၁၄ နှစ်ကုန်ပိုင်း၊ ၂၀၁၅ အစပိုင်းတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူချက် လက်မှတ်ရေးထိုးနိုင်ရန်အရေးကြီးပြီး နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်မှသာ ၂၀၁၆ တွင် တက်လာမည့်အစိုးရကို မည်သူပဲတာဝန်ယူသည်ဖြစ်စေ တိုင်းရင်းသားအဖွဲ့များနှင့် ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

မျိုးစောင့်ဥပဒေ ပြဌာန်းရေး ဆန္ဒပြပွဲ - မကွေး (ရုပ်/သံ)

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ မျိုးစောင့်ဥပဒေ ပြဌာန်းရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်


ဂရန်၊ မှတ်ပုံတင်၊ လိပ်စာအတုဖြင့် မြေကွက်လွတ်တခုကို ကျပ်သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေးတိမ်းရှောင်နေ

အလုံမြို့နယ် အောင်ဇေယျလမ်းရှိ မြေကွက်လွတ်တခုကို ဂရန်အတု၊ မှတ်ပုံတင်အတု၊ လိပ်စာအတု ပြုလုပ်ကာ ကျပ် သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း ၎င်းမြေအား ၀ယ်ယူခဲ့သူက အောက်တိုဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြေကွက်ကို ၀ယ်ယူခဲ့သူက “အရောင်းအ၀ယ်လုပ်မယ့် ပွဲစားတွေက ဒဂုံ၊ ဘောက်ထော်၊ ရန်ကင်း၊ အလုံ ဘယ် နေရာတွေလိုချင်လဲဆိုပြီး ဂရန်လေးခု လာပြတာ၊ ကျွန်တော်က အလုံက မြေကို လိုက်ကြည့်တယ်၊ မြေကွက်က ဘာ အဆောက်အဦမှ မရှိဘူး။ ဒီတော့ စည်ပင်သာယာကို သူတို့ ဂရန်နဲ့သွားကြည့်တာ ဒေါ်သန်းသန်းဝင်းပိုင် အမည်နဲ့ တကယ်ရှိတယ်ဆိုပြီး စရံသိန်းငါးဆယ်ချေပြီး အရောင်းအ၀ယ်ဖြစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၄ ဇွန်လ ၃ ရက်နေ့တွင် စရံငွေ ကျပ်သိန်း ၅၀ ပေးချေအပြီး ၆ ရက်နေ့တွင် ပထမအရစ် ကျပ်သိန်း ၉၅၀ ကို CB ဘဏ်မှ ထပ်မံပေးချေခဲ့သည်ဟု ဆိုသည်။ “ပထမအရစ် သိန်းတထောင်ပေး အပြီး ကျွန်တော်က မြေကွက်ကို ခြံဝင်းသွားခတ်ချိန်မှာ မြေကွက်ပိုင်ရှင် အစစ်နဲ့ တွေ့တာပဲ။ သူကလည်း ဂရန်ပြတယ်။ ကျွန်တော့်မှာလည်း ဂရန်ရှိတယ်ဆိုတော့ စည်ပင်မှာသွားပြီး ဖြေရှင်းပါတယ်။ အဲဒီတော့မှ ကျွန်တော့် ဂရန်အတုဆိုတော့ သိရတာပါ”ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဂရန်အတု၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပိုင်ရှင်၏ နာမည်အတုများ ပြုလုပ်ရောင်းချမှုအား သိရှိချိန်မှစ၍ ရောင်းချခဲ့သူများအား ရဲစခန်းသို့ တိုင်တန်းခဲ့သည်ဟု ဆိုသည်။ ယင်းလိမ်လည် ရောင်းချသူများထဲမှ ဒေါ်ချိုချိုမြင့်(ခ) ဆွီတီနှင့် ဒေါ်လဲ့လဲ့ဝင်းက ခေါင်းဆောင်ဖြစ်ပြီး ဒေါ်လဲ့လဲ့ဝင်းသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူးဖြစ်သည်ဟု ဆိုသည်။ ယင်းနှစ်ဦးအပြင် ဒေါ်ယမင်းသောင်း၊ ဒေါ်စန်းသိင်္ဂီ(ခ)မေသူ၊ ဒေါ်သန်းသန်းဝင်း(ခ) မတူး၊ မဝေဇင်အောင်(ခ) ဘုတ်ဆုံတို့လည်း အတူတကွ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ယင်းထဲမှ ဒေါ်သန်းသန်းဝင်းသည် ပိုင်ရှင်ဂရန်အတု ဖြစ်သောကြောင့် အပြင်တွင် တကယ်မရှိနိုင်ဘဲ ဒေါ်ချိုချိုမြင့်(ခ)ဆွီတီနှင့် ဒေါ်စန်းသိင်္ဂီသည် အဓိက တရားခံဖြစ်နိုင်ကြောင်း ၎င်းတို့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကာ မယမင်းသောင်း၊ မလဲ့လဲ့ဝင်း၊ မဝေဇင် အောင်တို့အား လသာရဲစခန်းမှ ခေါ်ယူစစ်ဆေးကာ အာမခံပေးထားသည်ဟု ဆိုသည်။

၎င်းတို့အား လသာရဲစခန်းက ပုဒ်မ ၄၂၀/၄၆၈ ၄၇၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ “ကျွန်တော်က အာမခံပေးတာကို မကျေနပ်ဘူး။ ဒီအတွက် ခရိုင်ကို စာတင် ထားတယ်။ ခရိုင်ကမှ မရရင် တိုင်း၊ ဗဟိုအထိ တက်ဦးမယ်၊ နောက်လူတွေ ကိုယ် လိုမဖြစ်အောင်ဘဲ”ဟု မြေကွက်ဝယ်ယူခဲ့ သူက ပြောသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းအား ဆက်သွယ်မေးမြန်းရာ ““ဒီဖြစ်စဉ်တွေနဲ့ ကျွန်မက ဘာပတ်သက်မှုမှ မရှိဘူး။ ကျွန်မနဲ့မဆိုင်တာကိုလုပ်တဲ့အတွက် တရားစွဲမယ်၊ လောလောဆယ် ၀န်ထမ်းဥပဒေအရ တာဝန်က ခဏရပ်စဲ ထားတယ်။ တရားခံတွေက ထွက်ပြေးနေ တဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ကျွန်မဘက်က တရားစွဲလို့ မရသေးတာပါ။ ရဲစစ်ချက်ကလည်း ကျွန်မရဲ့ ကိုယ်ရေး အချက်အလက်ကိုရေးပြီး လက်မှတ်ထိုးခိုင်းတာပါ”ဟု ပြောသည်။

အလားတူ မြေဂရန်၊ မှတ်ပုံတင်အတုများဖြင့် လိမ်လည်ရောင်းချမှုများ လတ်တလောတွင် ဖြစ်ရပ် ၄ ခုခန့်ရှိနေ ကြောင်း စုံစမ်းသိရှိနေရသည်ဟု မြေ၀ယ်ခဲ့သူက ပြောကြားသည်။




ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ်ခံရ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေးလုပ်ငန်း အချို့ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွားလမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည်ဟု ဆိုသည်။

“လွယ်ဆမ်ဆုံ(မ်) က လာတဲ့ ကားနှစ်စီးကို အစိုးရ တပ်မတော်နဲ့ရဲတပ်ဖွဲ့မူးယစ်တို့က တားဆီးစစ်ဆေး ဖမ်းဆီးတယ်။ ဘိန်းဖြူ ၊ ယာဘ တင်ဆောင်တဲ့ကားနှစ်စီးကို ဖမ်းဆီးလိုက်တာ။ နှစ်လ လောက်ရှိ တော့မယ်။ ပိုင်ရှင်က ၀ ခေါင်း ဆောင်လို့ပြောတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဟွေ့အော့က သူတို့ရဲ့ ဓါတ်ဆီဆိုင်၊ နေအိမ်နဲ့ တခြားပတ်သက်တဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်တာ” – ဟု ဟွေ့အော့ရောက် မိုင်းတုံဒေသခံ တဦးကပြောသည်။

မိုင်းတုံမြို့နယ်အတွင်း ဝေ့ရှော်ယင်ခေါင်းဆောင်သောတောင်ပိုင်း ဝ တပ်ဖွဲ့က ရာဘာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဓါတ်ဆီအရောင်းဆိုင်များ အပြင် အခြားသောတရားမဝင် လုပ်ငန်းများ လည်း လုပ်ကိုင်သည်ဟု ဆိုသည်။

ဝေ့ရှော်ယင်သည် မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်ငံအစိုးရ ဘတ်ငွေ ၂ သန်းဖြင့် ဖမ်းဝရန်းထုတ်ထားသည့် ဝ တပ်ဖွဲ့ ခေါင်းဆောင် စာရင်းဝင် ဝေ့ရှော်ကန်း (လက်ရှိပန်ဆိုင်းမြို့နေသူ) ၏ ညီအရင်းဖြစ်သည်။

“အခုလိုဖမ်းဆီးနေတာတွေ၊ ပူနားကိုမှာ မူးယစ်ဆေးဝါး ပိတ်ဆို့ ဖမ်းဆီးတာတွေက ဟန်ပြဘဲ။ တကယ့်ပင်ရင်း ၊ တိုက်ရိုက် ထုတ်လုပ်တဲ့ အကြီးပိုင်းကို ဘယ်တော့မှ ဖမ်းမမိဘူး။ အဖျားပိုင်း ကိုဘဲအမြဲဖမ်းမိတာ။ ပူနားကိုသွားဝိုင်း တုန်းကလဲ ဒီလိုဘဲ။ ဒီတော့ မူးယစ်ဆေးဝါးက ဆက်ရှိနေဦးမှာဘဲ။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို မလာခင် လုပ်ပြနေတာ။ နာမည်ကောင်းရအောင်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများအနက် ၉၆% မှာ သျှမ်းပြည်မှ ထွက်ရှိသည်ဟု ဆိုသည်။ ကမ္ဘာတွင် အာဖကန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဟု ကမ္ဘာ့မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းရေး UNODC က ထုတ်ပြန်ထားဖူးသည်။



ဓါတ်ပုံ - ချိတ်ပိတ်ခံရ ၀ ခေါင်းဆောင်များ၏ လုပ်ငန်းတချို့


ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်က အကြီးဆုံးကျွန်းပေါ်မှာ ပေါက်ကွဲနေဆဲ မီးတောင်က ချော်ရည်စီး ကြောင်းဟာ လူနေရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေနားကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖြတ်စီး နေပါတယ်။

စိုက်ပျိုးရေး ရွာလေး ပါဟိုအာရဲ့ ဒါဇင်နဲ့ချီတဲ့ အိမ်တွေဟာ  ၁ နာရီ ၄၅ ပေနှုန်းနဲ့ စီးထွက်လာတဲ့ ချော်ရည်ပူတွေ စီးရာလမ်းကြောင်းပေါ် ရောက်နေပါတယ်။

အပူချိန် ၂၁၀၀ ဒီဂရီဖာရင်ဟိုက်ထိပူတဲ့ ချော်ရည်တွေဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ လူအယောက် ၈၀၀ လောက်နေတဲ့ ကြံစိုက်ရွာလေးကနေ မြို့ကို သွားတဲ့ အဓိကလမ်းကို ရောက်ဖို့ ကိုက် ၁၅၀ လောက်ပဲ လိုတော့တာပါ။

မဖြစ်မနေ နေရာရွှေ့ပြောင်းရမယ့် အမိန့်ကို မထုတ်ပြန်ထားပါဘူး။ ဒါပေမယ့် လူအားလုံးကတော့ နောက်ဆုံးမိနစ်ထိ စောင့်ပြီး ရွှေ့ပြောင်းကြဖို့ အကုန်အသင့်ပြင်ပြီးပြီလို့ ရွာသားတွေနဲ့ တွေ့ခဲ့တဲ့ အရပ်ဘက်ကာကွယ်ရေး ခေါင်းဆောင် ဒါရီ အိုလီဗီယာက ပြောပါတယ်။

သင်တန်းဆင်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၈၃ ယောက်လည်း မနေ့က ရောက်လာပါပြီ။ ချော်ရည်ပူတွေက မီးတိုင်တွေကို ပျက်စီးစေနိုင်လို့ ဒေသခံတွေ မီးမရှိဘဲ နေရနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

၁၉၈၃ ခုနှစ်တည်းက အဆက်မပြတ် ပေါက်ကွဲနေတဲ့ ကီလာဝယ်အာ မီးတောင်ဟာ ဇွန်လ ၂၇ ရက်က ချော်ရည်တွေ စထွက်လာခဲ့တာပါ။ ၂၀၁၂ တုန်းကလည်း ချော်ရည်တွေကြောင့် အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။




အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅ ဦးကို ISIS စစ်သွေးကြွ များသတ်ဖြတ်


ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အန်ဘာပြည်နယ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ ရဲတပ်ဖွဲ့နှင့် မျိုးနွယ်စုဝင် လူ ၂၅၅ ဦး ကို သတ်ဖြတ် ခဲ့ကြကြောင်း ပြည်နယ် လုံခြုံရေးအဖွဲ့ က ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ သတ်ဖြတ်ခံရ သူများအနက် လူ ၁၅ဝ မှာ ဆွန်နီ တိုက်ခိုက်ရေး သမားများနှင့် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်သူများ ဖြစ်ကြောင်း အမည် မဖော်လိုသူ ပြည်နယ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် အစောပိုင်းတွင် မြို့တော် ဘဂ္ဂဒက်မှ အနောက်ဘက် ကီလိုမီတာ ၁၆ဝ ကွာဝေးသည့် ဟိဂ်မြို့ အတွင်းသို့ စီးနင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွန်နီ မျိုးနွယ်စုဝင် အမျိုးသား များကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှု များသည် ISIS စစ်သွေးကြွ များ က အယ်ဘူနီမာ မျိုးနွယ်စုဝင် အမျိုးသား ၃ဝ ကို သတ်ဖြတ်ခဲ့ပြီး တစ်ရက် အကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် ယခုအခါ ဟိဂ်မြို့၏ ၈ဝ ရာခိုင်နှုန်းကို သိမ်းယူထားပြီး ဖြစ်ကြောင်း သိရသည်။




ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ

ရန်ကုန်၊ အောက်တိုဘာ၂၉

ပြည်မြန်မာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ““ဦးဆန်းဆင့်သည် အစိုးရအဖွဲ့၏ အစည်းအဝေး များတွင် အသံ ဖိုင်များ ခိုးဖမ်း ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲ ထွဋ်ပြော””ဟူသည့် သတင်း ဖော်ပြ ပါအချက်များ အတွက် အဆိုပါ ပြောဆိုခဲ့သူ ၀န်ကြီး ဦးရဲထွဋ်သည် တရားရုံးကို မထီမဲ့မြင် ပြုမှုနှင့် အရေး ယူခံ ရနိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြား လိုက်သည်။

ပြည်မြန်မာဂျာနယ်တွင် ဖော် ပြခဲ့ရာ၌ ““ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံခဲ့ရသော သာသ နာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်သည် အစိုးရအဖွဲ့ အစည်းအဝေးများတွင် အသံဖိုင်များ ခိုးဖမ်းခဲ့ကြောင်း၊ အစိုးရနှင့် သံဃာတော်များအကြား အထင်မှားအောင် လုပ်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ပြည်မြန် မာသတင်းဂျာနယ်အား ၁၉-၁၀-၂၀၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။… သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန် ကြားရေးဝန်ကြီးက ထုတ်ဖော်ပြော ကြားလာခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်က တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြော ဆိုခြင်း ဖြစ်မည်စိုးသောကြောင့် မပြောခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““တရားစွဲတယ်ဆိုကတည်းက ဒီ အတိုင်းစွဲတာမဟုတ်ဘူးလေ။ ဖြစ်စဉ် အကြောင်းအရာတွေကို ရှေ့နေ ချုပ်ရုံးကသုံးသပ်ပြီးတော့မှ ဒီဟာက ခိုင်လုံတယ်၊ ဒီအမှုနဲ့စွဲသင့် တယ် ဆိုပြီးတော့စွဲခဲ့တာ။ တရားရုံး ရဲ့စီရင်ချက်တွေကို ဖတ်ရှုမယ်ဆို ရင် ဦးဆန်းဆင့်လုပ်ခဲ့တာတွေ သိမှာပါ။ လူတွေရဲ့ ပြောဆိုချက်တွေကို အသံတွေခိုးဖမ်းတယ်၊ မလုပ်သင့်တာေ တွပေါ့ဗျာ””ဟု ဦးရဲထွဋ် ကပြောကြား သည်။

ဦးဆန်းဆင့်နှင့် ၎င်း၏ မိသားစုမှာ ယင်းပြစ်ဒဏ် အတွက် အယူခံဝင်သွားမည်ဖြစ် ကြောင်း ကိုလည်း ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ ““ကျွန်တော်တို့ အစိုးရအဖွဲ့ အစည်း အဝေးတွေဆို တာက တချို့ဟာတွေ အသံဖမ်းလို့ရတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကိုက မကောင်းဘူး ပေါ့။ ဒီလို ဟာမျိုးတွေကြောင့် ကျွန်တော်တို့က မလွှဲမရှောင်သာ အရေးယူရတာ။ သူ့ကိုပုဂိ္ဂုလ်ရေးအရ မုန်းတီး လို့ လုပ်တာမဟုတ်ဘူး””ဟု ပြန်ကြား ရေးဝန်ကြီးကဆိုသည်။ ပြည်ထောင် စုဝန်ကြီး၏ အဆိုအရ သာသနာ ရေးဝန်ကြီးဟောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်လျက် မလုပ်သင့် မလုပ်ထိုက်သော အစိုးရနှင့်သံဃာ များအကြား အမြင်မှားအောင် ဟိုဘက်သည်ဘက် တစ်မျိုးစီလုပ်ခဲ့ကြောင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စများ အရှုပ်အရှင်းများတွင်လည်း ပါဝင်ကြောင်း သိရသည်။ ယင်းကိစ္စတွင် အများပြည်သူက ထင်မြင်နေသော အစိုးရ အဖွဲ့ဝင်အချင်းချင်း ဇာစ်မြစ်များကို ပြန်ဖော်မည်စိုးသောကြောင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်နိုင်သည်ဆို သည့်အချက် အပေါ် ပြန်ကြားရေး ၀န်ကြီးက ““မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဦးဆန်းဆင့်အမှုနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးရှိတာ ပေါ့။ ကျွန်တော်တို့က တရားရုံးမှာ ရောက်နေတဲ့အမှုကို တရားစီရင်ရေးကို ကျော်လွန်ပြော တာတွေ မဖြစ်ချင်လို့မပြောခဲ့တာ။ ဦးဆန်းဆင့် ဘာလုပ်ခဲ့လဲဆိုတာ သိချင်ရင် တရားစီရင်ရေး မှတ်တမ်းတွေ လေ့လာကြည့်ပါ။ ကျွန်တော်တို့ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဘာမှသီးခြားထပ်ပြီး ပြောစရာ မရှိ တော့ပါဘူး””ဟု ပြန်လည်ပြောကြားသည်””ဟူ၍ ပါရှိသည်။

ယင်းသို့ ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များပါဝင်သည့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ဦးဆန်းဆင့်က အသံဖိုင်များ ခိုးဖမ်း ခဲ့ကြောင်းနှင့်စပ်လျဉ်း၍ နေပြည်တော်တရားရုံး၌စစ်ဆေးစဉ်က ထည့် သွင်းစစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ဦးဆန်းဆင့်သာမက မည်သည့်ဝန်ကြီးမဆို အသံဖိုင်များ ဖမ်းယူ၍ရ သည့် ဖုန်းဟန်းဆက်များ ရှိကြောင်း၊ ၀န်ကြီးဦးဆန်းဆင့်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုဂိ္ဂုလ်ရေးမနာလို၍ တိုက်ခိုက်ပြောဆိုခြင်းမှာ ထင်ရှား ကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့်ပြည်မြန်မာဂျာနယ်သည် ထောင် ဒဏ်ချမှတ်ခြင်းခံရသော ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် ပြစ်ဒဏ်နှင့်မဆိုင်သည့် အသံဖိုင်များခိုးဖမ်းသည့် အကြောင်းအရာကို ပြောဆို ရေးသားသည် မှာ ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစဉ်က သမ္မတစကား နားမထောင်ခြင်းကြောင့်ဟူ၍ အစိုးရအဖွဲ့ အသိုင်း အ၀ိုင်းက ပြောဆိုခဲ့ ခြင်းနှင့်ဆက်စပ်၍ လူထုနှင့်မီဒီယာများအပြင် လွှတ်တော်ကိုယ်စား လှယ်များပါ နှစ်သက် ထောက်ခံသော ဦးဆန်းဆင့်အနေဖြင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (မဘသ)အတွင်း ရေးမှူးချုပ် (အထက်မြန်မာပြည်) ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။

““ဦးဆန်းဆင့်ကိစ္စက သူတို့ ကြေညာတာ ငွေသိန်း ၇၀ လာဘ်စားလို့။ အမိန့်မနာခံလို့။ ဒီလို ပုဒ်မနဲ့စွဲတာပဲ။ သိန်း ၇၀ လောက် နဲ့ကတော့ ဘာမှမပြောပလောက်ဘူး။ ဒါက ကြံဖန်ပြီးတော့ သူတို့ လုပ်လိုက်တာပဲ။ လံကြုတ်လုပ်ကြံ ပေါ့။ သဘောထားပျော့ပျောင်းတော့ ခံလိုက်ရတာပေါ့””ဟု မဘသအတွင်း ရေးမှူးချုပ် ဆရာတော်ဥူးကုသလ က မြန်မာသံတော်ဆင့်သို့ မိန့် ကြားခဲ့သည်။

အစိုးရအပေါ် ပြစ်တင်ရှုတ်ချ ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် တစိုက်မတ်မတ် ဝေဖန်ပြောကြားသူအစိုးရ၏ ပြောရေးဆိုခွင့်အာဏာ ပိုင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည်လည်း လွှတ်တော်နှင့်အစိုးရ ကြား ၀င်ရောက်ပြောကြားမှုအချို့ နှင့်စပ်လျဉ်း ၍ ““ဦးရဲထွဋ်အမြဲ မုန်လာဥလုပ်ကြောင်း”” အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က စက်တင်ဘာလ အတွင်း မြန်မာသံတော်ဆင့်နှင့်တွေ့ဆုံစဉ် ထပ်မံ အတည်ပြုပြောကြားခဲ့သည်။

ပြည်မြန်မာဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ တွင် ကြံ့ခိုင် ရေးပါတီမှ ပုဇွန်တောင် မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သူဖြစ်သည်။ တပ် မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့် စစ်ရာထူးခန့်ချုပ် တာဝန်ယူစဉ် က ယခု ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်မှ အငြိမ်းစားပေးခြင်း ခံရ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် ဦးချစ်နိုင် (စိတ်ပညာ)၏ လက်အောက်၊ ဒု ညွှန်ချုပ် တာဝန်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ကာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက် ထက်တွင်မှ ပြန်ကြားရေး ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များသို့ရောက် ရှိလာခဲ့သူဖြစ်သည်။



စစ်တွေမှာ မရမာကြီးတိုင်းရင်းသားအိမ်ရာစီမံကိန်း ကုလသမဂ္ဂ ကူညီမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်(၁)မှာရှိနေတဲ့ မရမာကြီး တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စု ၇၂ စုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က လုံးချင်း နေအိမ်တွေ ဆောက်လုပ် ပေးသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီကနေ့ ပြောပါတယ်။

UNHCR ရဲ့ ရန်ပုံငွေ အခြေအနေ အပေါ်မူတည်ပြီး ဆောက်လုပ်ပေး သွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

"အိမ်အရေအတွက်က ၇၂ လုံး၊ လုံးချင်းလေးတွေပေါ့၊ ဒါက မရမာကြီး တိုင်းရင်းသားတွေအတွက် သူတို့မှာရထားတဲ့ ဘတ်ဂျက်တွေက နမူနာစာလောက်ပဲရှိတဲ့အခါကျတော့ ကျနော်တို့က ဒါက နမူနာအနေနဲ့ အရင်ဆောက်ပေးလိုက်တာပေါ့၊ မြေနေရာရှိတဲ့ နေရာလေးကိုပဲ ဦးစားပေးပြီးတော့ အရင်ဆောက်ပေးလိုက်တာပါ"

မရမာကြီးတိုင်းရင်းသားအိမ်ထောင်စု ၇၂ စုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေဆုံးရှုံးပြီး စက်ရုံစုရပ်ကွက်(၁)မှာရှိတဲ့ ဒုက္ခသည်တန်းလျားမှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ သူတို့အရင်နေထိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ အစိုးရအဖွဲ့ကိုတင်ပြတောင်းဆိုထားပေမယ့် အစိုးရအဖွဲ့က စဉ်းစားဆုံးဖြတ်တာမရှိသေးဘူးလို့လည်း ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။




Burkina Faso သမ္မတ နှုတ်ထွက်

အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာလရှည် နိုင်ငံ အာဏာ ရယူထားတဲ့ သမ္မတ Blaise Compaore ရာထူးက ဆင်းသွားပြီးနောက်မှာ စစ်တပ် အကြီးအကဲ က နိုင်ငံအာဏာ ရယူလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး Honore Traore က သူက နိုင်ငံ အကြီးအကဲ ဖြစ်ပါတယ်ဆိုပြီး မြို့တော် Ouagadougou မှာ သောကြာနေ့ ဒီကနေ့မှာ သတင်းထောက်တွေ ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့က မြို့တော်မှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြကြသူတွေရဲ့ အကြမ်းဖက်မှု အပြီးမှာ ပြုပြင်ပြောင်းလဲရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ချိန် ကြာသပတေးနေ့က အာဏာကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၉၀ ထားရှိဖို့ မစ္စတာ Compaore က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြတာကို ဒေသတွင်း မီဒီယာတွေက ထုတ်လွှင့်နေကြပါတယ်။ အရင် ဘာကီနာဖာဆို နိုင်ငံကို ကိုလိုနီ အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် နိုင်ငံကတော့ အခု သမ္မတ နုတ်ထွက်တာကို ခပ်မြန်မြန်ပဲ ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်းဟာ သမ္မတ နန်းတော်မှာ လက်နက်ကိုင် အစောင့် တင်းတင်းကျပ်ကျပ် နဲ့ ရှိနေတယ်လို့ Burkina 24 ရုပ်မြင်သံကြားက ကြေညာ ပါတယ်။ မစ္စတာ Compaore က ဘာကီနာဖာဆို နိုင်ငံကို ၁၉၈၇ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့တာဟာဆိုရင် ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို နောက်ထပ် သမ္မတ သက်တမ်း ခွင့်ပြုမယ့် အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်အမတ်တွေ မဲခွဲဖို့ လုပ်ခဲ့တာကြောင့် ကြာသပတေးနေ့မှာ နိုင်ငံတွင်း မတည်မငြိမ်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေ လွှတ်တော် အဆောက်အအုံအတွင်းကို ဒေါသတကြီး ၀င်ရောက် မီးရှိှု့ခဲ့ပြီး နောက်မှာတော့ အစိုးရက ပြင်ဆင်ချက်ကို ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဘာကီနာဖာဆိုရဲ့ လုံခြုံရေး ဆိုးရွားသွားမှာကို အထူးဘဲ စိုးရိမ်နေတဲ့ အကြောင်း ပြောဆိုပြီး သက်ဆိုင်သူ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ တည်ငြိမ်ရေး လုပ်ဆောင်ဖို့နဲ့ မပြေလည်မှု အားလုံးကို ဆွေးနွေး အဖြေရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။




Burkina Faso သမ္မတ Blaise Compaore ရာထူးက နှုတ်ထွက်။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)

တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ


တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ငွေကြေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှု အဖြစ် အရာရှိ တစ်ဦးရဲ့နေအိမ်ကနေ အမေရိကန် ဒေါ်လာ ၃၃ သန်းနဲ့ ညီမျှတဲ့ တရုတ် ငွေစက္ကူ ယွမ် သန်း ၂၀ဝ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။

အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ မစ္စတာ Wei Pengyuan ရဲ့ နေအိမ်ကနေ သိမ်းဆည်း ရမိတာ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ မေလ ကတည်းက လာဘ်ယူမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံရဲ့ အဂတိမှုတွေကို တိုက်ဖျက်ဖို့ တရုတ် သမ္မတ ရှီကျင်းပင်က ကတိပြု ထားခဲ့ပါတယ်။

အခုနှစ် ၂၀၁၄ တစ်နှစ်တည်းမှာ ပထမ ၉ လ အတွင်း ခြစားမှုနဲ့ ပြစ်ဒဏ် ချမှတ် ခံရတဲ့ တရုတ် အရာရှိပေါင်း ၁၃၀ဝ၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။


သောင်းနဲ့ ချီတဲ့ တရုတ် အရာရှိတွေ အဂတိမှုနဲ့ စစ်ဆေးခံရ

ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ (ရုပ်/သံ)

သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ရဲ့ ပြောကြားချက်တချို့နဲ့ ဦးရဲထွဋ် ဖြေကြား



နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

1.Nov_.14_KM.pdf

နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

1.Nov_.14_mal.pdf

နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် 90:00 Minutes Sports Vol 6 No 43

90 Minutes Vol.06, No.43.pdf

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Euro Sports Vol 5 No 31

Euro Sports Vol 5 No 31.pdf

လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူငယ်တစ်ဦး အထက်ပန်းဆိုးတန်း လမ်းပေါ်တွင် သေဆုံး


အောက်တိုဘာ ၃၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကလေး (မြောက်ပိုင်း)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်ဝင်းသည် ကျန်းမာရေးအတွက် ကန်တော်ကြီး ပတ်လမ်း၌ လမ်းလျှောက်ရန် ထွက်လာစဉ် အထက်ပန်းဆိုးတန်းလမ်း မြန်မာမေဖလားဝါးဘဏ်ရှေ့ လူသွား စင်္ကြံပလက်ဖောင်းပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်နှင့် ဦးခေါင်းတင်၍ ခြေထောက် နှစ်ဖက်မှာ မော်တော်ကားလမ်းပေါ် ပက်လက်အနေအထားဖြင့် လဲကျနေသည် ကိုတွေ့ရှိ၍ အရက်မူးလဲနေသည်ထင်မှတ်ကာ အနီးကပ်သွားရောက်ကြည့်ရှုရာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့စခန်းသို့ ချက်ချင်း ဖုန်းဆက်သတင်းပေးပို့ရာ တာဝန်ကျ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးကာ အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်လိုက်သည်။

သေဆုံးသူမှာ အသက်(၂ဝ)အရွယ်ခန့် လူငယ်တစ်ဦးဖြစ်ပြီး အပြာနုရောင် ဂျင်းဘောင်းဘီအရှည် အညိုရောင် တီရှပ်လက်တိုအင်္ကျီဝတ်ဆင်ကာ ငွေစက္ကူ ကျပ်ငါးရာဖိုးခန့် လက်နှစ်ဖက်စလုံးတွင် ဆုပ်ကိုင်ထားလျက်ရှိသည်ကို တွေ့ရသည်။

မည်သူမည်ဝါ အထောက်အထားမတွေ့ရှိ၍ စုံစမ်းရာ မင်္ဂလာတောင် ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်တွင် ဦးလေးတော်စပ်သူနှင့် လွန်ခဲ့သော တစ်နှစ် ခန့်က အတူနေထိုင်ခဲ့ပြီး ဆိုက်ကားနင်းသည်ဟု ကနဦးစုံစမ်းချက်အရ သိရှိရ သည်။  ဆက်လက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ သာကေတ(၄)ရပ်ကွက် ရန်ပြေ (၄)လမ်းနေ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်ဖြိုး (၂၃ နှစ်)ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ သေဆုံးသူအလောင်းကို စစ်ဆေးခဲ့ရာ ထိုးသွင်းဒဏ်ရာ များရရှိထားကြောင်း တွေ့ရှိရသည်။ တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာပြီး ဖြစ်စဉ်မှုခင်းဖော်ထုတ်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။



အောက်မှာဆက်ကြည့်မယ်