<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

ထိုင်းတရားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်

ဘန်ကောက်− ထိုင်းနှင့် မြန်မာ နိုင်ငံ နယ်
စပ်မှ မူးယစ်ဆေးဝါး ပြဿနာများကို အဖြေရှာဆွေး
 နွေးရန် ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန်ကွန်
ချာရာ မြန်မာ နိုင်ငံသို့ အောက်တိုဘာ ၃၁
 ရက်တွင် လာရောက်မည်ဟု ထိုင်းဘန်ကောက်ပို့စ်


သတင်းစာက ရေး သားထားသည်။

၎င်းသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး ထိုင်းနယ်စပ် သို့ ဖြတ်ကျော်ဝင်ရောက်နေသော မူးယစ်ဆေးဝါးများကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ပိုင်ဘွန်က ပြောသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ တွင် ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး ဆတသ်ပီတာရတ်၊ မူးယစ်ဆေး ဝါး ထိန်းချုပ်ရေးရုံးမှ ပန်ပွန်ချာအို ဝလစ်နှင့် မယ်ဖလွန်ဖောင်ဒေး ရှင်းမှ မစ္စတာဒစ်နာဒါဒီစကူတို့ ပါဝင်မည်ဖြစ်သည်။

ယခုခရီးစဉ်သည် မကြာ သေးမီက မြန်မာသို့ လာရောက်ခဲ့ သော ထိုင်းဝန်ကြီးချုပ်ပရာယွတ် ၏ ခရီးစဉ် နောက်ဆက်တွဲ ဆောင်ရွက်မှုဖြစ်ပြီး အဆိုပါ မူး ယစ်ဆေးဝါးပြဿနာကို ပရာ ယွတ်က မြန်မာနှင့် ဆွေးနွေးလို ကြောင်း ပြောကြားခဲ့သည်ဟု ဆို သည်။

နယ်စပ်မူးယစ်ဆေးဝါး ပြ ဿနာကို နယ်စပ်တွင် နေထိုင်နေ ကြသော တိုင်းရင်းသားအုပ်စုများ ပါဝင်ပတ်သက်မှုကလည်း အ ဓိကပြဿနာ ဖြစ်လာပြီဟု ၎င်း က ဆိုသည်။

ခရီးစဉ်အတွင်း မူးယစ်ဆေး ဝါး စိုက်ပျိုးထုတ်လုပ်ရာဒေသ တွင် အခြား အစားထိုးသီးနှံများ စိုက်ပျိုးမည့် အစီအစဉ်များကို မိတ်ဆက်သွားမည်ဟု တရားရေး ဝန်ကြီးက ပြောသည်။

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်