<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Friday 31 October 2014

မြန်မာနှစ်ယောက်ကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

Thai PM vows to conduct second DNA
 test on Burmese 'scapegoats' accused
 of killing British backpackers in bid to
 quell criticism of bungled police probe
ကပျက်ကချော်ဖြစ်ခဲ့တဲ့ ထိုင်းရဲတွေရဲ့သက်သေတွေနဲ့ ဝေဖန်ခံနေရမှုတွေကိုခြေဖျက်ဖို့ အင်္ဂလိပ်နှစ်ယောက်
သတ်ဖြတ်မှုမှာ မတရားစွပ်စွဲခံနေရတဲ့ မြန်မာနှစ်ယောက်ကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

A second DNA test will be conducted on two Burmese men accused of killing a pair of British tourists in Thailand amid fears the suspects may have been framed, the Thai premier said today.
ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရသော ဗြိတိသျှစုံတွဲအမှုမှာ စွပ်စွဲခံနေရသော မြန်မာယောက်ျားလေးနှစ်ဦးကို အပြစ်မရှိပဲကလိဥာဏ်ဆင်ဖမ်း ဆီးခံထားရခြင်းဖြစ် သည်ဟု စိုးရိမ်မှုများထွက်ပေါ်နေချိန်အတွင်းမှာ ၄င်းတို့နှစ်ဦးကို မျိုးဗီဇ(DNA) စစ်ဆေးမှု ဒုတိယအကြိမ်(အမှန်က တတိယအကြိမ်ပါ)ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ်က ယနေ့ပြောဆိုလိုက်ပါသည်။










Zaw Lin and Win Zaw Tun were charged with the murder of David Miller, 24, and the rape and murder of Hannah Witheridge, 23.
မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့နှစ်ဦးစလုံးဟာ ဒေးဗစ်မီလာ(အသက် ၂၄နှစ်)ကိုသတ်မှုနဲ့ ဟာနာဝစ်ထရစ်ခ်ျ(အသက် ၂၃နှစ်)ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု တို့ဖြင့် အရေးယူခြင်းခံထားရတာပါ။

The pair's battered bodies were found on the southern island of Koh Tao on September 15.
ဒဏ်ရာဗရဗွနှင့်သေဆုံးနေသော ၄င်းတို့ရုပ်အလောင်းများကို ထိုင်းတောင်ပိုင်း လိပ်ကျွန်း(ကော့တောင်) မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကတွေ့ရှိခဲ့ကြပါတယ်။


Thai police claimed a breakthrough in their investigation of the double murder when they said DNA from the accused migrant workers matched samples taken from the body of one of the victims.
ထိုင်းရဲတွေကတော့ သူတို့အနေနဲ့ခက်ခက်ခဲခဲ သေချာစုံစမ်းဖေါ်ထုတ်ထားကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး စွပ်စွဲခံရွှေ့ပြောင်းလုပ်သား နှစ်ယောက်ရဲ့ DNA ဟာ သေဆုံးသူတစ်ဦးဆီကရတဲ့ နမူနာနဲ့တူကြောင်းပြော ဆိုခဲ့ပါတယ်၊

Were they framed?
သူတို့ဟာ တရားခံမဟုတ်ပဲ ချောက်ချခံခဲ့ကြရတာလား?

Burmese migrants Zaw Lin and Win Zaw TunThai participate in a crime re-enactment of the murders of two British tourists in Koh Tao, but later recanted their confessions.
မြန်မာလုပ်သားနှစ်ဦးဟာ မှုခင်းပြန်လည်သရုပ်ပြမှုမှာ ပါဝင်ခဲ့သော်လည်း သူတို့ဝန်ခံချက်ကို ပြန်လည်ရုပ် သိမ်းခဲ့ကြပါတယ်၊

Thai;and's premier has now ordered a second DNA test on the men amid criticism of the police investigation
ထိုင်းဝန်ကြီးချုပ်က ထိုင်းရဲတွေရဲ့စုံစမ်းစစ်ဆေးမှုတွေကို ဝေဖန်မှုတွေရှိနေတဲ့အချိန်မှာ စွပ်စွဲခံနှစ်ဦးကို DNA ဖြစ်စစ်ဖို့အမိန့်ပေးခဲ့တယ်၊





They said both men had also confessed and forced them to re-enact the killings in bizarre scenes before the world's media.
သူတို့ပြောတာက နှစ်ယောက်လုံးအမှုကိုဝန်ခံခဲ့ပြီး ကမ္ဘာ့မီဒီယာတွေမလာခင် မှုခင်းပြန်လည်သရုပ်ပြဖို့ဖိအားပေးခဲ့ကြတယ်



But last week the men, both in their 20s, retracted their confessions alleging they were obtained under duress.
ဒါပေမဲ့ အသက် ၂၀ ခန့်ရှိသူတို့နှစ်ယောက်စလုံးက အတင်းအကြပ်နှိပ်စက်ဝန်ခံခိုင်းလို့ ၀န်ခံခဲ့ရတာပါ ဟုပြောဆိုတာ ၀န်ခံချက်ကိုပြန်လည်ရုတ်သိမ်းခဲ့ကြပါတယ်၊

Criticism of the police handling of the case has swirled both in Thailand and overseas.
ရဲတွေရဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံတွေဟာ ရှေ့နောက်မညီ၊ အချိတ်အဆက်မရှိ၊ ပြည့်စုံမှုမရှိဟု ထိုင်းမှာရော ပြည်ပမှာပါ ဝေဖန်ခံနေရပါတယ်။

'We will allow suspects to take another DNA test,' Prime Minister Prayut Chan-O-Cha told reporters after a weekly cabinet meeting.
အပတ်စဉ်ပြုလုပ်နေတဲ့ ကက်ဘီနက်(၀န်ကြီးများအစည်းအဝေး)အပြီး သတင်းသမားတွေနဲ့တွေ့ဆုံရာမှာ ထိုင်းဝန်ကြီးချုပ်ပရာယုအိုချာက သူတို့အနေနဲ့ စွပ်စွဲခံတွေကို DNA ထပ်စစ်ဖို့ခွင့်ပြုမည်ဖြစ်ကြောင်း
ပြောခဲ့တာပါ၊





'If they think that the previous tests were unfair we will conduct a second test.'
သူက "သူတို့အနေနဲ့ ပထမစစ်ဆေးမှုဟာ တရားမမျှတဘူးထင်ရင် ထပ်စစ်ပေးပါမယ်" ဟုပြောခဲ့ပါတယ်၊


It was not immediately clear if the accused had requested a second DNA test.
အဲဒီလိုစစ်ဖို့ကို စွပ်စွဲခံဘက်ကတောင်းဆိုခဲ့သလားဆိုတာတော့ မသေချာသေးပါ၊


Relatives of the two Burmese suspects meet with lawyer as they campaign for their release after the pair recanted their confessions, saying they were made under duress
စွပ်စွဲခံနှစ်ဦးရဲ့ မိဘဆွေမျိုးတွေက ထိုင်းရှေ့နေများကောင်စီရုံးချုပ်တွင် ရှေ့နေများနှင့်တွေ ဆုံကာ စွပ်စွဲခံများ ဟာ အတင်းအကြပ်ဝန်ခံအောင်အလုပ်ခံရကြောင်းနဲ့ ၀န်ခံချက် ကိုပြန်လည်ရုတ်သိမ်းပြီးဖြစ်ကြောင်းပြော ဆိုကာ သူတို့လွတ်မြောက်အောင်ဆောင် ရွက်ပေး ဖို့တောင်းဆိုခဲ့ကြပါတယ်။


Thai authorities have strongly denied using the pair as scapegoats, insisting the case is built on solid evidence showing the DNA of the accused from initial tests matches samples taken from Witheridge's body.
ထိုင်းအာဏာပိုင်တွေဘက်ကတော့ အပြစ်မရှိပဲတရားခံအစားထိုး မတရားဖမ်းဆီးခဲ့သည်ဟုပြော ဆိုနေကြခြင်းကို အပြင်းအထန်ငြင်းဆိုခဲ့ပြီး ဒီအန်အေစစ်ဆေးမှုတူညီမှုမျိုးလို ခိုင်မာတဲ့သက်သေတွေနဲ့ အမှုကိုတည်ဆောက်ခဲ့ကြတာဖြစ်ကြောင်း ငြင်းဆိုဖြေရှင်းခဲ့ပါတယ်၊


British police have been allowed to observe the investigation after the UK expressed concerns and offered to help with the probe.
ဗြိတိန်ကအမှုစစ်ဆေးမှုအပေါ်မှာစိုးရိမ်မှုကိုဖေါ်ပြခဲ့ပြီး ကူညီဖို့ကမ်းလှန်းခဲ့ပြီးနောက်မှာ ဗြိတိသျှရဲတွေ ကိုလည်း အမှုစုံစမ်းစစ်ဆေးမှုကိုလေ့လာခွင့်ပြုခဲ့ပါတယ်၊


Before the murders, Thailand was already struggling to restore its tarnished image as a tourist haven after a May coup saw martial law imposed across the country.
ဒီအမှုမဖြစ်ခင်ကတည်းက ထိုင်းနိုင်ငံဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ နိုင်ငံလုံးစစ်အုပ်ချုပ်ရေးကျင့်သုံး မှုကြောင်း ခရီးသွားလုပ်ငန်းပုံရိပ်ကိုပြန်မြှင့်တင်ဖို့ ရုန်းကန်နေကြရတာဖြစ်ပါတယ်၊



The murders have dented tourism, which accounts for nearly 10 per cent of gross domestic product, at a time when Thailand is still under martial law after a May military coup that had already kept some tourists away.
စစ်အုပ်ချုပ်ရေးကြောင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တချို့နိုင်ငံခြားခရီးသွား များ ထိုင်းနိုင်ငံ ကိုရှောင်နေ
ကြချိန်မှာ ထိုင်းနိုင်ငံကအကြမ်းဖက်မှုတွေဟာ ခရီးသွားလုပ်ငန်း ကို ထိခိုက်စေပြီး တိုင်းပြည်ထုတ်ကုန်ကို ၁၀ ရာခိုင်နှုန်းလျော့ကျစေခဲ့ပါတယ်
---

ဗြိတန်အခြေစိုက် dailymail သတင်းတစ်ခုကို Ko Zaw မှ ဘာသာပြန်ဆိုသည်။

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်