<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

အီရတ်အမ်ဘာပြည်နယ်တွင် IS စစ်သွေးကြွများမှ ၎င်းတို့အဖွဲ့အား ဆန့်ကျင်နေသော မျိုးနွယ်စုဝင် ၄၆ ဦးအား ကွပ်မျက်


အီရတ်အမ်ဘာပြည်နယ်တွင် IS စစ်သွေးကြွ
များမှ ၎င်းတို့အဖွဲ့အား ဆန့်ကျင်နေသော
 မျိုးနွယ်စုဝင် ၄၆ ဦးအား ကွပ်မျက်လိုက်
သည်။



ဒေသခေါင်းဆောင်ဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်သူတစ်ဦးမှ ဗုဒ္ဓဟူး(အောက်တိုဘာ ၂၉)နေ့က ပြောပြချက်အရ ပြီးခဲ့သည့်အပတ်က ဟစ်မြို့နှင့် ၎င်းနယ်တစ်ဝိုက်မှ အယ်လ်ဘူနီမျိုးနွယ်စုဝင်များ အသတ်ခံခဲ့ရသည်။ အယ်လ်ဘူနီများသည် အောက်တိုဘာလဆန်းပိုင်းကတည်းက IS တို့ကို ဆန့်ကျင်ခုခံနေသူများ ဖြစ်ကြသည်။

IS စစ်သွေးကြွများသည် အီရတ်နှင့် ဆီးရီးယားတွင် နိုင်ငံခြားသားများရော၊ ဒေသခံများကိုပါ ခေါင်းဖြတ်ခြင်း၊ အစုအပြုံလိုက်သတ်ဖြတ်ခြင်း အပါအဝင် လွန်စွာဆိုးရွားလှသော ရက်စက်မှုများကို ကျူးလွန်နေကြသည်။

တိုးတက်မှုအခြေအနေကို ဆိုရလျှင် အီရတ်တပ်ဖွဲ့များမှ မဟာဗျူဟာအရ အချက်အချာကျသော ဘဂ္ဂဒက်အနီးရှိ ဂျာ့ဖ်အယ်လ်ဆခါမြို့အား IS တို့ထံမှ ပြန်လည်သိမ်းပိုက်နိုင်ပြီးသည့်နောက် အင်္ဂါ(အောက်တိုဘာ ၂၈)နေ့က အမ်ဘာပြည်နယ် အနောက်ပိုင်းရှိ ဖလူဂျာမြို့အား ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နွှဲလျက်ရှိသည်။

သတင်းများအရ အင်္ဂါနေ့က ရေနံမြေဖြစ်ပြီး မဟာဗျူဟာအရ အချက်အချာကျသော ဘိုင်ဂျီမြို့ကိုလည်း IS တို့လက်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ဝန်းရံလျက်ရှိသည်။

မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
မူရင်းလင့်

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်