<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

တရုတ် အနောက်မြောက်ပိုင်းတွင် စာမေးပွဲ ခိုးချသည့် ကျောင်းသား ၂၀၀၀ ကျော်ကို ရဲများဖမ်းဆီး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျီအန်းပြည်
နယ်တွင် အောက်တိုဘာ ၁၈ နှင့် ၁၉ ရက်
များတွင် ပြုလုပ်သည့် ဆေးဝါးကျွမ်းကျင်
 လိုင်စင်အတွက် စာစစ်ဌာန ခုနစ်ခုတွင်
 ကျောင်းသား ၂၅၀၀၀ ကျော် စာမေးပွဲ


ဝင်ရောက်ဖြေဆိုခဲ့ကြရာ ခေတ်မီနည်းပညာများ အသုံးပြုခိုးချခဲ့သူ ၂၄၄၀ ဦးအား ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရသည်။



အဆိုပါ ကျောင်းသားများသည် စာမေးပွဲတွင် လျို့ ဝှက်အသံဖမ်းကိရိယာဖြင့် ကြိုးမဲ့အသံဖမ်းကိရိယာများ နားတွင်တပ်ဆင်ဖြေဆိုခြင်း သို့ မဟုတ် စာရေးစားပွဲခုံပေါ်တွင် နည်းပညာမြင့် လျှပ်စစ်အမှားပြင်ကိရိယာများခိုးတပ်ထားကာ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

စာမေးပွဲခိုးချသည့်အစီအစဉ်တွင် ယင်းကိရိယာကို ထုတ်လုပ်သူတို က စာမေးပွဲဖြေသူများထံသို့ ရေဒီယိုလှိုင်းမှတစ်ဆင့် အဖြေမှန်များ ပြောပြပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရန် ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ၃၃၀ ပေးထားရသည်။ စာမေးပွဲစစ်ဆေးချိန်တွင် ပုံမှန်မဟုတ်သော ရေဒီယိုလှိုင်းများထုတ်လွှင့်မှုကို စုံစမ်းတွေ့ ရှိသဖြင့် စစ်ဆေးရာမှ ယင်းသို့ မသမာမှုပေါ်ပေါက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် စာမေးပွဲအခြေပြုပညာရေးစနစ်ကို အားထားမှုကြောင့် စာခိုးချသည့်စနစ်သို့ ဦးတည်သွားစေကြောင်း ပေကျင်းအခြေစိုက် ပညာရေးအတိုင်ပင်ခံ ကျိအန်းကပြောသည်။

"ဒီလိုမျိုးအဖြစ်အပျက်တွေ များစွာရှိတယ်။ မသမာလုပ်ပြီး လက်မှတ်ရဖို့ ကိုပဲဦးတည်တော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိဖို့ ဆိုတာကို ထည့်မစဉ်းစားကြတော့ဘူး။ဒါကြောင့် စာမေးပွဲမှာ မသမာနည်းလမ်းတွေသုံးတာက ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပွားနေတော့တာပဲ။" ဟု ၎င်းက ပြောသည်။

နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် စာစစ်ဌာနက စာခိုးချကြမည့် ကိရိယာများကို သတ္တုထောက်လှမ်းရေးကိရိယာများသုံးကာ ရှာဖွေနေရသည်မှာ လေဆိပ်များရှိ လုံခြုံရေးဖြတ်သန်းဂိတ်က စစ်ဆေးမှုထက်ပင် တင်းကြပ်စွာပြုလုပ်နေရကြောင်းလည်း ၎င်းကပြောသည်။
ဖမ်းဆီးခံလိုက်ရသူ ကျောင်းသားများအနေဖြင့်  ဆေးဝါးလက်မှတ်ရရှိရေးစာမေးပွဲ ဖြေဆိုခွင့်နှစ်နှစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စာစစ်ဌာနအကြီးအကဲ တုဖန်စူအိုင်းကပြောသည်။


Mizzima News Daily



တရုတ်နိုင်ငံ ကောလိပ်ကျောင်းဝင်ခွင့် စာမေးပွဲတစ်ခုကို စောင့်ကြပ်နေသည့် စစ်သားများ (ဓာတ်ပုံ- စီအင်န်အင်န်)

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်