<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

မျိုးစောင့်ဥပဒေ ၂၀၁၅ မတိုင်မီ ပြဋ္ဌာန်းပေးရန် ကြိုးပမ်းမည်ဟု ဆရာတော် ဦးဝီရသူ မိန့်ကြား




မျိုးစောင့်ဥပဒေခေါ် အမျိုးဘာသာ သာသနာစောင့်
 ရှောက်ရေးဥပဒေ (၄)ရပ်ကို ၂၀၁၅ ရွေးကောက်
ပွဲမတိုင်မီ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးဘာ
သာ သာသနာထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့


(မဘသ)ဦးဆောင်ဆရာတော် မစိုးရိမ်ကျောင်းဆရာ တော် ဦးဝီရသူက မိန့်ကြားသည်။

‘‘၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မျှော်လင့်ထားပါတယ်။ ဘာ ကြောင့်လဲဆိုရင် ၂၀၁၅ နောက်ပိုင်းမှာ မျိုးစောင့်ဥပဒေ ကန့် ကွက်မယ့်သူ အာဏာရသွားခဲ့ သော် မအောင်မြင်မှာစိုးလို့ပါ’’ဟု မဘသ ဦးဆောင်ဆရာတော် ဦးဝီ ရသူက မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ့ စောင့်ရှောက်ရေးအတွက် ပြဋ္ဌာန်း ရမည့် ဥပဒေ (၄)ရပ်တွင် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ခုတည်းသာ ပြည်သူကို ချပြနိုင်သေးသည့်အတွက် လွှတ် တော်၏ မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်ချက်များသည် အားနည်းနေသေးသည်ဟု အောက်တိုဘာ ၃၀ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် မျိုးစောင့် ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး ဆန္ဒ ထုတ်ဖော်တောင်းဆိုမှုများအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ မဘသ ဆရာတော်များက မိန့်ကြားသည်။

လက်ရှိနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်း ရင်းသားများကို အပြည့်အ၀ ကာကွယ် မပေးနိုင်သည့်အတွက် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် အရေးတကြီး တောင်းဆိုခြင်း ဖြစ်သည်ဟုလည်း မဘသဆရာတော်များက ပြောသည်။

ပြည်သူ့ကိုယ်စားလှယ်ဖြစ် သည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူ့အသံကို အမှန်တကယ်နားထောင်သည်ဆို လျှင် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန်နှင့် ထိုသို့ ဥပဒေမပြဋ္ဌာန်းနိုင်သရွေ့ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်တောင်းဆိုပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု မဘသဆရာ တော်များက မိန့်ကြားသည်။

မျိုးစောင့်ဥပဒေ(ခေါ်)အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးဆိုင်ရာ ဥပဒေ (၄) ရပ်ဖြစ် သည့် ဘာသာကူးပြောင်းခြင်းဆိုင် ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေထိန်း ညှိခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယားစနစ်ဥပဒေတို့ကို လွှတ် တော်က ပြဋ္ဌာန်းပေးရန် ယခုနှစ် ဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။



ယင်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန် သံဃာတော်များ အပါအ၀င် လူပုဂ္ဂိုလ် တစ်သိန်းသုံးသောင်းကျော် လက်မှတ်ရေးထိုး တောင်းဆိုထားပြီး မဘသ (ဗဟို)မှ တစ်ဆင့် နိုင်ငံတော်သမ္မတထံတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် မျိုးစောင့်ဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ကန့်သတ်မှုများ ရှိလာနိုင်ပြီး လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက်မပြဋ္ဌာန်းသင့်ကြောင်း ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့များ က ကန့်ကွက်ထားသည်။

မျိုးစောင့်ဥပဒေကို ဗုဒ္ဓဘာ သာ မြန်မာတိုင်းရင်းသား အမျိုး သမီးများအတွက် ဥပဒေအရ  အကာအကွယ်ရစေရန် ပြဋ္ဌာန်းစေလိုခြင်းသာဖြစ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်မှုမရှိကြောင်း၊မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အဖွဲ့များဖြင့်လည်း ဆွေးနွေးလိုကြောင်း မဘသဆရာတော်များက မိန့်ကြားသည်။






မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် အောက်တိုဘာ ၃၀ ရက်က ရဟန်းရှင်လူ 

အင်းအားသိန်းချီ ဆန္ဒဖော်ထုတ်နေစဉ်

No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်