<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Thursday 30 October 2014

LCD နိုင်ငံအဖြစ်က မြန်မာရုန်းထွက်ရေး ကုလကူညီမည်

ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှု ညီလာခံ UNCTAD က မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ တနိုင်ငံ အဖြစ်ကနေ လွတ်မြောက် နိုင်စေဖို့ အတွက် နည်းပညာ အကူညီတွေ ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိနေတဲ့ UNCTAD အတွင်းရေးမှူးချုပ် Mukhisa Kituyi နဲ့ မြန်မာနိုင်ငံ အစိုးရ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့ နေပြည်တော်မှာ တွေ့ ဆုံပြီး ခဲ့တဲ့ နောက် ဂျနီဗာမှာ အခြေစိုက်တဲ့ UNCTAD အဖွဲ့က အခုလို ကတိပြု လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပညာ အကူညီ ပေးမယ်ဆိုတဲ့ နေရာမှာ တနိုင်ငံလုံး တဦးချင်းဝင်ငွေ တိုးများလာအောင် အကောင်ထည်ဖော်ရေး လုပ်ငန်းစဉ်ချမှတ်ဖို့နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းကနေ မြန်မာနိုင်ငံကို ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ရေး  စတာတွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂက ၁၉၇၁ ခုနှစ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် နိုင်ငံပေါင်း ၂၅ နိုင်ငံကို သတ်မှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ၄၈ နိုင်ငံအထိ တိုးများလာခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားတဲ့ အုံကြွမှုကြီး မဖြစ်ပေါ်ခင် တနှစ်အလို ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်း ၀င် ဖြစ်လာခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးသန့်ကျော်၊ ဦးခင်မောင်အေး၊ ဒေါက်တာဇော်မင်းအောင် ဒေါက်တာ စန်းလွင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။




No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်