၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂)
စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင်
ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ
ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊
အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊
ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး
ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား
ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း
''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့
ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့
အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို
လည်းကောင်း ရေးသားဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့်
စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။
၂။ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို
ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသားဖော်ပြခဲ့သည့်အတွက်
ပြန်လည်တောင်းပန်စာကို မြန်မာသံတော်ဆင့်ဂျာနယ်နှင့်
နိုင်ငံပိုင်သတင်းစာများတွင် (၂)ကြိမ်ဖော်ပြပေးရန် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ညှိနှိုင်းခဲ့ပါသည်။
၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏
အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက
ဂျာနယ်နှင့် ဆွေးနွေးပြီး ဂျာနယ်က တောင်းပန်စာကိုတစ်ကြိမ်သာ
ထည့်သွင်းပေးမည်ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာမူကြမ်းကို
ပူးတွဲ၍ ပေးပို့ခဲ့ပါသည်။ အဆိုပါ ပေးပို့လာသည့်
တောင်းပန်စာဖော်ပြပေးမည့်အကြိမ်အရေအတွက်နှင့် တောင်းပန်စာတွင်
ဖော်ပြပေးမည့်အရေးအသားများသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတအား
ဂုဏ်သိက္ခာထိခိုက်စေပြီး အကြည်ညိုပျက်စေသည့်
ရေးသားချက်များနှင့်နှိုင်းယှဉ်ပါက ထိရောက်လုံလောက်စွာ ချေဖျက်ပေးနိုင်
ခြင်းမရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက်ပုတ်ခတ်ရာ
ရောက်သည့် စာသားများပါဝင်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့်
နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ထိခိုက်စေသည့်အတွက်
မြန်မာသံတော်ဆင့်ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
The Mirror Daily
Search This Blog
Followers
အသိပေးချက်များ
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..
Monday, 3 November 2014
နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်
Subscribe to:
Post Comments (Atom)
အောက်မှာဆက်ကြည့်မယ်
-
▼
2014
(83)
-
▼
November
(20)
- ဓမ္မပီယတရားပွဲ”
- မိန်းမယုတ် စိဉ္စမာဏနှင့် စပွန်စာပေးသော တိတ္ထိများ"
- ကမ္ဘာပေါ်မှာ ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံးနေရာအြ...
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမှာ ရုရှား...
- အလောင်းဝယ်တဲ့ တရုတ် အရာရှိ ၂ ဦးကို ဖမ်းဆီး
- အမတ်တွေ တာဝန်ကျေကြဖို့ သူရဦးရွှေမန်း သတိပေး
- နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၄)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် The Street View Vol 3 No 42
- နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် The Messenger Vol 5 No 23
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် အပတ်စဉ်...
- ခြိမ့်ခြိမ့်သဲဆင်နွှဲ တောင်ကြီးတန်ဆောင်တိုင် မီးပုံ...
- မန္တလေးမြို့တွင်ယခင်နှစ်များထက် အိမ်ငှားခ ဈေးနှုန်း...
- တောင်သူတွေကို ကူညီခဲ့သူ စွဲချက်အသစ်များနဲ့ ရင်ဆိုင်ရ
- ယာမြေ ဧက ၆၀၀၀ ပြန်ရရေး ကော်မရှင်ထံ တင်ပြမည်
- ၂၀၁၅ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး နိုင်ငံသား စိစစ်မယ်
- နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို...
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်
- ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Belarus ရောက်
-
▼
November
(20)
No comments:
Post a Comment