<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Monday 3 November 2014

ယာမြေ ဧက ၆၀၀၀ ပြန်ရရေး ကော်မရှင်ထံ တင်ပြမည်

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရ ရှိဖို့ အတွက် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေး ပြောကြား လိုက်ပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တပ်မတော်က အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်ထားတာမရှိဘဲ လယ်ဝင်ထွန်တဲ့ လယ်သမားတွေက တရားစွဲဆိုခံထားရတယ်လို့ တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောပါတယ်။

"အစိုးရကလည်း စီမံကိန်းအတိုင်း လက်တွေ့အကောင်အထည်ဖော်တာလည်းမရှိဘူး၊ တကယ်ဘာမှအသုံးမချတဲ့ တောရိုင်းကြီးဖြစ်နေတဲ့ သူတို့ရဲ့ အရင်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့မြေတွေကို ပြန်ဖော်ပြီးတော့မှလုပ်ကြတာ၊ အဲ့ဒါကို သူတို့က ထွန်တုံးတိုက်ပွဲလုပ်တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့မှ တရားစွဲထားတယ်၊ လောလောဆယ်တော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ လယ်ယာခန့်ခွဲမှုကော်မတီအနေနဲ့ ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ အကြံဥာဏ်ပြုပါတယ်"

အဲဒီ့ယာမြေတွေ ပြန်လည်ရရှိဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ဖြေရှင်းပေးတာမရှိဘူးလို့ ဒေါ်ခင်သန္တာနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပေါင်လောင်းကြီးကျေးရွာက ဧက ၂ဝ ကျော်သိမ်းဆည်းခံထားရသူ့ လယ်သမား ဦးစန်းလင်းက ပြောပါတယ်။

"သူတို့ တင်ပြတောင်းဆိုခဲ့တာ စာကအကြိမ်ကြိမ်ရှိပါပြီ၊ ကျနော်တို့ဆီမှာ မြို့နယ်မှူးအတိုင်းအတာကနေမှ ခေါ်ပြီးတော့ စခန်းတာဝန်ခံနဲ့ ကျနော်တို့ လယ်သမားခေါင်းဆောင်တွေ ခေါ်တွေ့ပြီးတော့ ဆွေးနွေးတယ်၊ ဆွေးနွေးပေမယ့်လို့ ကျနော်တို့ဆီမှာ အကြောင်းထူးခြားမှု ဘာမှတစုံတရာရှိမလာခဲ့ပါဘူး"

လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်က တောင်တော်၊ ပေါင်လောင်ကြီး၊ လွန်ကျော်၊ ထားဝယ်အင်း၊ ပေတောစတဲ့ ကျေးရွာ ၆ ရွာက ယာမြေဧက ၆ ထောင်ကျော်ကို လွန်ကျော်ဝါ စိုက်ပျိုးရေးခြံ စီမံကိန်းအတွက်ဆိုပြီး ပင်မခဲယမ်းမီးကျောက်တပ်က နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

အဲဒီယာမြေတွေထဲက ယာမြေဧက ၄ ထောင်ကျော်ကို ၂ဝဝ၅ ခုနှစ်မှာ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ထံ လွှဲပြောင်းပေးခဲ့ပြီး သီးစားချထားခဲ့တယ်လို့လည်း သိရပါတယ်။

မြစ်သားမြို့နယ် ထားဝယ်အင်းကျေးရွာက လယ်သမား ၁၀ ဦးကျော်လောက် အဲဒီယာမြေတွေမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ၀င်ရောက်ထွန်ယက်ခဲ့တဲအတွက် ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပါတယ်။




No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်