<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Monday 3 November 2014

ဓမ္မပီယတရားပွဲ”

2.11.2014 ည 8:00 မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၄၄၊ ကဲဘာတန်းရပ်ကွက်၊ ဓမ္မပီယအရုဏ်ဆွမ်းကပ်အသင်း စတုတ္ထအကြိမ် အထူးဓမ္မသဘင်မှာ ဟောကြားသည်။
ဓမ္မပီယအမည်ကို မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခဲ့သည်မှာ မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကတည်းကဖြစ်ပြီး၊ အထူးတရားပွဲကျင်းပသည်မှ ယခုနှစ်နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ်သည်။...
အမျိုးစောင့်ဥပဒေ တရားတော်ဟောကြားခဲ့သည်။ အမျိုးစောင့်ဥပဒေအတွင်း အကျုံးဝင်သည့် ဥပဒေလေးရပ် လိုအပ်ရခြင်းအကြောင်းနှင့် ရရှိနိုင်မည့် အကျိုးတရားကို ဟောကြားကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့အတွက် အကောင်းဆုံး အပြည့်စုံဆုံး အထောက်အကူပြုမည့် ဥပဒေ ဖြစ်ကြောင်း အကျယ်တဝင့်ဟောကြားခဲ့ခြင်းဖြစ်သည်။
“အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မာယာဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှ ကင်းဝေးစေ အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။





No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်