<<<<<<<<<<သတိပေးချက်...အဖွဲ့ဝင်များ...ခင်ဗျာ..မိမိတို့...လိုဂိုပုံလေးများအား..ညစ်ညမ်းသောပုံများအား..မတင်ကြပါရန်..မေတ္တာရပ်ခံပါတယ်....ဥယျာဉ်မှူးလေး.....လာလည်သောသူများကို..ကျေးဇူးအထူးတင်ရှိပါတယ်..ခင်ဗျာ...>>>>>>>>>>>

Search This Blog

Followers

အသိပေးချက်များ


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
တောင်း...ဆို...လို..သောအကြောင်းအရာများကို..အီမေးပေး..ပို့ပြီးတောင်းဆိုကြပါရန်..
hlyothwetuyin@gmail.com...သို့.အဖွဲ့ဝင်များနဲ့...
လာရောက်လည်ပတ်သော..
မိတ်ဆွေများအားအသိပေးအပ်ပါတယ်...ခင်ဗျာ..

Monday 3 November 2014

တောင်သူတွေကို ကူညီခဲ့သူ စွဲချက်အသစ်များနဲ့ ရင်ဆိုင်ရ

မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သိမ်းခံတောင်သူတွေကို ကူညီတဲ့အတွက် ဆူပူအောင်လှုံ့ဆောင်မှုနဲ့ ထောင်ချခံထားရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးကို နောက်ထပ်ပုဒ်မတွေနဲ့  မတ္တရာမြို့ နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွါး ဖျက်ဆီးမှုတွေနဲ့ တရားစွဲပြီး ရုံးထုတ်နေတာဖြစ်တယ်လို့  မတ္တရာမြို့နယ်က ကိုကျော်နိုင်က RFA ကိုပြောပါတယ်။

"သပြေသာကျေးရွာကနေမှ စံပြငါးမွေးမြူရေးခြံမှာ ငါးသားပေါက်ကန်တွေ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီကိစ္စကို ၄၄၇ နဲ့နေပြီးတော့ သူတို့က တရားစွဲဆိုထားတာတွေရှိပါတယ်၊ အဲ့ဒီကိစ္စကို သူတို့ပြန်ပြီးတော့ တရားစွဲဆိုတာပါ"

အဲ့ဒီ မတ္တရာမြို့နယ်မှာ သမဝါယမအသင်းက ၁၉၈၆ ခုနှစ်ကစလို့  မြေတွေသိမ်းထားပြီး ၊ အသိမ်းခံ ထားရတဲ့လယ်မြေတွေက ဧက ၆ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီမြေတွေပြန်ရဖို့ ကြိုးပမ်းတဲ့အတွက် ဒေသခံလယ်သမားတွေ တော်တော်များများက ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ (ခ) တွေနဲ့ တရားစွဲခံထားရသလို၊ ပုဒ် ၄၄၇/ ၄၂၇ စတဲ့ ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွါးဖျက်ဆီးမှုတွေနဲ့လည်း တရားစွဲခံထားရပါတယ်။

ကိုအောင်စိုးက အဲဒီလယ်သမားတွေကိုသွားပြီးကူညီပေးခဲ့ တဲ့အတွက် မန္တလေးထောင်မှာ ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံနေရပြီး၊ နောက်ထပ်အမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။




No comments:

Post a Comment

အောက်မှာဆက်ကြည့်မယ်